အပိုင်း(၄)

259 22 0
                                    

ဒယ်ဂူးးမြို့ ယွန်းအိမ်တော်တွင် ဖြစ်သည်။

-"လုံအောင်ပုန်းနေပါနော် ဆံပင်မွှေးလေးမြင်နေရတယ်နော် အူရီ ဂျောင်ဟန်နီးးလေးကဘယ်မှာများပါလိမ့်"

ယူမီ၏စနောက်နေသံ နှစ်နှစ်သားအရွယ် ဂျောင်ဟန်လေးနဲ့တူတူပုန်းတိုင်းဆော့ကစားနေခြင်းဖြစ်သည်။

-"သေချာမမြင်ရအောင်ပုန်းပါကွယ် ရွှေဂျိုးလေးထွက်နေပါတယ်ကွယ်"

ဆိုဖာနောက်တွင်ကွယ်ကာကျုံကျုံလေးထိုင်ပြီးပုန်းနေသော ခလေးလေးဟာ သူ့မျက်လုံးလေးကွယ်ရုံ နှင့်သူ့ကိုမမြင်ရဘူးကိုခလေးတွေးလေးတွေးနေပါသည်။ယူမီမမြင်ချင်ယောင်ဆောင်လိုက် မီးဖိုထဲမှာ ဟင်းချက်ပြီး၍ ကားခစရိတ်တွေ ကိုက်မကိုက်စစ်နေသောမမကို

-"မမရေ ဂျောင်ဟန်နီးးးလေးကိုတွေ့သေးလား တအိမ်လုံးရှာနေတာ မတွေ့လို့"
မျက်စိတဖတ်မှိတ်ပြပြီးးလှမ်းမေးလိုက်တော့

-"ဟယ် ဟုတ်လားမတွေ့ဘူးတော့ မေမေတို့ဂျောင်ဟန်လေးက ပုန်းတာတော်လိုက်တာကွယ် ဘယ်ရောက်သွားပါလိမ့် ရှာမတွေ့တော့လို့ထွက်ခဲ့ပါတော့"
-"တီတီ့ချစ်သည်းလေးရေ တီတီကရှာမတွေ့တော့လို့ထွက်ခဲ့တော့နော် ဂွေးစိကောင်လေးရေ မြန်မြန်ထွက်လာပါတော့"
ညီမနှယောက်ဝိုင်းပြောမှ

-"ဝါးးးးးဟားဟားးးတီတီရှုံးပြီ သားနိူင်တယ်"
သူ့နိုင်လို့ပျော်နေရှာသည်။

-"အိုက်ဂူးးးးတီတီ့ချစ်သည်းလေးက ပုန်းတာတော်လိုက်တာကွာ "
နှနှစ်သားဂျောင်ဟန်လေးကိုဆွဲပွေ့ပြီး မနာအောင် ယူမီညှစ်ပစ်မိသည်။

-"ဒါနဲ့တီယူ အစောကသားကို ဂွေးစိကောင် လို့ခေါ်လိုက်တာမလားးး "
-"အယ် တီယူက မတော်တဆတမင်သက်သက်မေ့ပြီး ခေါ်လိုက်မိတာ အဟိဟိ။"
-"ဟုတ်လို့လား အိမ်မှာတင် မေ့ခေါ်နော် အပြင်ကျ မခေါ်နဲ့ ဟိုကောင် ဂျီဆူးကြားရင် ရန်ဖြစ်ရင် အဲ့နာမည်ကြီးခေါ်လို့"

-"ရော် သားလည်းပြန်ခေါ်ပေါ့ လဗြွတ်ကောင်လို့ သူ့မမတွေတောင်ခေါ်‌ကြတာကို"
-"ခေါ်ချင်ပါဝူးးးး သားချက်(ရှက်)တယ်။ဒါနဲ့ ဖေဖေကပြန်မလာသေးဘူးလား တီယူ ဖေဖေနဲ့မတွေ့တာတောင်ကြာပြီ။ဖေဖေကအိမ်ပြန်လာလည်း သားနဲ့ခနပဲနေတာ သားကအလွမ်းမပြေပါဘူးး။ဂျီဆူးဖေဆိုဂျီဆူးတို့နဲ့တူတူနေတာ သားလည်း ဖေဖေရယ်မေမေရယ် တီယူရယ်နဲ့အတူတူနေချင်တယ်"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now