အပိုင်း(၂၅)

402 32 18
                                    

မနက်လင်းတော့လည်း အကို့ဂျောင်ဟန်ရဲ့မျက်နှာကတင်းနေသည်မှာ မနေ့ညကအတိုင်းးး တချက်မ‌ှမ‌ေလျာ့‌ေသး။မင်ဂယူ မနေ့ညကလည်းတစ်ညလုံးနီးပါးအိပ်မပျော်ပါ။အိပ်မပျော်ဆို တရေးမှမရသလောက်ပါပဲ။စောင်ခေါင်းမြီးခြုံပြီး မင်ဂယူ့ကိုကျောပေးပြီး အိပ်နေတဲ့ အကို့ကြောင့် မင်ဂယူ့မှာ တညလုံးစိုးရိမ်စိတ်တွေနဲ့အိပ်မပျော်ခဲ့တာ။ခုတော့ ဘယ်လိုလုပ်ရပါ့မလဲ ‌အကိုက မင်ဂယူ့ကိုစကားမပြောတော့ဘူးလား။အဟင့် တညလုံး အိပ်မပျော်သဖြင့် ခေါင်းကလည်းမကြည် ငိုထားသဖြင့်မျက်ရိုးတွေကလည်းကိုက်နေပြီ။မနေ့ညက လင်းခါနီး4နာရီ‌ေလာက်မှာ မှေးခနဲတချက်ဖြစ်ပြီး စိုးရိမ်စိတ်တွေနဲ့ဆက်ခနဲပြန်နိုးလာခဲ့တာ။အကိုကတကယ်ပဲသူ့ကိုမုန်းသွားပြီလားမသိ။စကားလည်းတခွန်းမှမပြောသေးသလို အကြည့်တချက်တောင်မပေးသေးးမင်ဂယူလည်းဘယ်လိုစကားသွားစရမှန်းမသိသဖြင့် အကို့မျက်နှာကိုသာ တကြည့်ကြည့်လုပ်နေရုံကလွဲပြီး မတက်နိုင်။စာထဲလည်း ဘယ်လိုမှ အာရုံစိုက်မရ။အကုန်အလွဲလွဲအချော်ချော်ဖြစ်နေရသည်။ချစ်ဒုက္ခဆိုတာ ဒါမျိူးလား။မင်ဂယူငယ်ငယ်က ကြားဖူးသိဖူးတဲ့ အသဲကွဲတယ်ဆိုတာဒါမျိူးထင်ပါရဲ့သိပ်ချစ်တဲ့အကြောင်းကို ဖွင့်ဟဝန်ခံမိရင်တုန်ပြန်ချက်ကဆိုးဝါးမယ်လို့ကြိုတွေးခဲ့ပေမယ့် ဒီလောက်မြန်မြန်ဖွင့်ပြောဖို့မရည်ရွယ်ခဲ့ပါ။အကိုအထင်လွဲမှာစိုးတဲ့စိတ်တွေ‌ အကိုငြိုငြင်မှာကိုကြောက်မိတဲ့စိတ်တွေကောကြောင့်သာ ပါးစပ်ကလွှတ်ခနဲထွက်မိသွားတာ။ထင်ထားတာထက်တောင်အကိူကထိချက်ပြင်းသွားတာထင်တယ်။အကြည့်ချင်းလည်းမဆုံ စကားလည်းမပြော မင်ဂယူ့ကိုမရှိသလိုသာနေသည်။အဲ့လိုနေမယ့်အစား မင်ဂယူ့ကိုထုရိုက် ထိုးနှက်ပစ်လိုက်တာမှ ခံသာအူံးမည်။ခုလိုကြီး လျစ်လျူရှုထားတာကိူ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် မင်ဂယူမသိပါ။ခုလည်းး‌အကို့နားမထိုင်ရဲတာ‌ေကြာင့် မိန်းခ‌ေလးတန်းဘက်မှာ တယောက်ထဲစာထိုင်လုပ်‌ေနတဲ့ ဂျီဆူး‌ေဟျာင်း‌‌ေဘးသာ စာအုပ်တွေ မ လာပြီး လာထိုင်နေမိသည်။ ဘာမှမလုပ်တက်တော့ လုပ်လို့လည်းမရ ထိုင်ပြီး အော်သာငိုပစ်လိူက်ချင်တော့သည်။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now