အပိုင်း(၁၈)

344 27 17
                                    

အဆောင်တွင်တယောက်ထဲကျန်နေခဲ့၍ဒိုဂယောင်းတယောက် ပျင်းရိစွာ အပေါ်ထပ်တွင်လှဲနေမိသည်။ပိတ်ထားတာတရက်ပဲရှိသေးတယ်သူငယ်ချင်း‌ေတွကိုလွမ်းလှပြီ။အင်းးးးတစ်ယောက်သောသူလေးး။နှုတ်ခမ်းးကော့ကော့လေးတွေ နမ်းလိုက်တိုင်းးးရှက်ပြီး တုန်ယင်လာတက်သည်မှာ တခါမှမနမ်းဖူးတဲ့ ရည်းစားမထားဖူးတဲ့အရိုင်းတုံးလေးမှန်းသိသာစွာ။ကျွန်တော်လည်း လူငယ်ဘဝရည်းစားထားခဲ့ဖူးတာတွေရှိပေမယ့် ခုလိုယောက်ျားလေးတယောက်ကိုနမ်းဖူးတာတော့ ပထမဆုံးပါပဲ။အကိုကတအားရင်ခုန်ဖို့ကောင်းပါသည်။အနမ်းတွေနဲ့ပတ်သတ်ရင်ပကတိရိုးသားလွန်းတာလေးကိုက ကြည်ကြည်စင်စင်လေးနဲ့ အရောင်ပေါင်းစုံခြယ်ပစ်လှယ်ပစ်ချင်လာသည်အထိ တခါတလေ စိတ်ရိုင်းတွေက ထိန်းမနိုင်သိမ်းမရ။ကိုယ့်စိတ်ကိုယ်ချွန်းအုပ်နေရသည်မှာ တဖက်က ကြည်လင်ဖြူစင်အကိုလူအေးလေးကို အားနာလွန်း၍။သူ့ခမျှာ သူငယ်ချင်းတွေအချင်းချင်း စလိုက်နောက်လိူက်နဲ့သူ့ကိုလာနမ်းရင်တောင် ရှက်တက်တာက အကိုဂျောင်ဟန်နဲ့တောင်မတူ။အကိုဂျောင်ဟန်ကမှ ဒိုဂယောင်းတို့မင်ဂယူတို့ဘင်းတို့နဲ့အပြိုင်အဆိုင်စလိုက်နောက်လိုက်နေကြပေမယ့့် ဂျီဆူးလေးကသူငယ်ချင်းတွေစကြနောက်ကြရင်တောင် ရှက်တက်တာ သူရှက်တက်တာကိုလည်းမသိသာအောင် အကုန်လုံးနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေတာကိုကြည့်ရင်းနဲ့အနိုင်ကျင့်ချင်စိတ်တွေကဖြစ်လာရတာ။

-"အဟင်းးတကယ့်အရိုင်းတုံးးးရေခဲတုံးးလေး"

အတွေးနဲ့အတူသဘောတကျပြုံးမိသည်။ရေခဲတုံးးးလေးကိုအရည်ဖျော်ချချင်စိတ်တွေကတဖွားဖွားး။လှလို့နမ်းချင်တာလည်းမဟုတ်ရပါ။အကိုဂျောင်ဟန့်ကိုနမ်းမှမနမ်းချင်ဘဲ။သူ့ကိုမှ မျက်နှာဖူးဖူးလေး နှုတ်ခမ်းကော့ကော့လေးနဲ့ရှက်တက်တဲ့အကိုရေခဲတုံးလေးကိုမှ ရှက်နေသည်ကိုပိုအရှက်သည်းအောင်။‌ကြောက်တက်သူကို ပိုပြီးကြောက်အောင်လုပ်ချင်နေသည်မှာ ဘယ်လိုစိတ်တွေလဲကိုယ့်ဘာကိုယ်လည်း နားမလည်နိုင်တော့ပါ။နမ်းလိုက်တိုင်း‌အကြောက်ကြောက်အလန့်လန့်ဖြစ်သွားတက်တာလေးကသနားရင်ခုန်စရာလေးပါ။သူ့ခမျှာ စိတ်ရှိသလောက်လဲမရုန်းရဲ ဘေးကလူတွေသိသွားမှာကိုလည်းစိုးရိမ် နမ်းနေတာကိုလဲတခါမှမနမ်းဖူး၍ကြောက်လန့်နေပုံပါ တအားရင်ခုန်ဖို့ကောင်းတဲ့အကိုဂျီဆူးလေးပါ။ပြောရင်းးနဲ့ရေခဲတုံးးးလေးကိုလွမ်းလိူက်တာ။ဘွားနဲ့အမေတို့ကလည်းနေ့ခင်းလာမယ်ပြောတယ်။ဖုန်းဆက်အုံးမှ

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now