အပိုင်း(၂၉)

363 35 7
                                    

သားကလေညှင်းးခံဆိုပြီးထွက်သွားချိန် ဂယောင်ဂျာတယောက်ထဲ အိပ်ခန်းထဲသို့ဝင်ပြီးးး သားမင်ဂယူရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သတ်၍ စဉ်းစားနေမိသည်။ခလေးကအသက်18နှစ်အရွယ်မှ အချစ်ကိုစတင်သတိထားတက်စ ရင်ခုန်သံဖူးသစ်စအရွယ်မှာ စပြီးရင်ခုန်တဲ့သူချစ်မိတဲ့သူဟာ ယောက်ျားလေးတယောက်တဲ့လား ယောက်ျားလေးတောင်မှ သိပ်ကို လှပပြီးတော့ထက်မြက်ပုံရတဲ့ကောင်လေးတယောက်။ဘာလို့ယောက်ျားလေးတယောက်တဲ့လဲ။တစ်ဦးထဲသာရှိတဲ့ သားယောက်ျားလေးတယောက်ဟာ လိင်တူကိုပဲ စိတ်ဝင်စားနေတယ်ဆိုတဲ့အဖြစ်မှာ ဘယ်မိဘကပျော်ရွှင်‌ကြည်နူးနိုင်ပါ့မလဲ။ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို အကောင်းဆုံးဆိူတာတွေပဲဖြစ်စေချင်ကြတာမလားး။သားဟာလည်းး သူ့ကိုယ်သူလက်ခံဖို့ခက်ခဲခဲ့မှာ။သူကိုယ့်သူလက်ခံဖို့ ခဲယဉ်းလား မခဲယဉ်းလားဆို မအေဖြစ်သူကိုပါ ဖွင့်ဟရင်ဖွင့်မိတဲ့ထိပဲမလား။ပုံမှန်ဆို ကိုယ်လိင်တူစိတ်ဝင်စားနေပါတယ်ဆိုတာကို မိဘတွေသိမှာတောင်စိုးရအုံးမှာမလားး မင်ဂယူလေးဟာ ဘယ်လောက်တောင်မွန်းကြပ်နေလို့ အမေဖြစ်သူကိုပါ ဝန်ခံမိတာဖြစ်ပါလိမ့်မလဲ။သနားစရာ ငါ့ခလေးလေးး။

-"စဉ်းစားစမ်းးး စိတ်အေးအေးနဲ့စဉ်းစားးး ဂယောင်ဂျာ ငါ့သားလေးစိတ်ဒဏ်ရာအကင်းဆူံးဖြစ်ဖို့ နင်ဆုံးဖြတ်ချက်မမှားဖို့လိုတယ်။"

သူစိတ်ကစားတာကော မဖြစ်နိူင်ဘူးလားးး။တဖတ်ကသားလေးဟာ သိပ်ကိုလှလွန်းလို့ အနေနီးလို့ရင်ခုန်စိတ်လှုပ်ရှားတာကော မဖြစ်နိုင်ဘူးလား။ဘယ်ကထဲကများ သားဂျောင်ဟန်ကို သဘောကျနေတာလဲမသိဘူး။‌ေမွးရပ်‌‌ေမြကိုခေါ်လာပြီးမှချစ်မိသွားတာလားးး ချစ်လို့ပဲမွေးရပ်မြေကိုခေါ်လာတာလားပဲ။ဒါနဲ့ ဖွင့်ကောပြောပြီးပြီလာမသိဘူးးး။ပြောပြီးလိူ့တော့ပြောတယ် ဒါဆို ဟိုကသူ့ကိုယောက်ျားလေးချင်းကြိုက်ရကောင်းလားဆိုပြီး ဆော်လွှတ်လိုက်လို့ ငိုနေတာများလားး။အဲ့လိုလည်းမဟုတ်ထင်ပါဘူးး။တဖက်ခလေးကို မြူစွယ်တယ် ဖျားယောင်းတယ်ဆိုပြီး အပြစ်တင်မစွပ်စွဲနိုင်ပါ။စချစ်မိတာက ကိုယ့်သားမလား။ကိုယ့်သားကိုယ်တောင် တန်ဖိုးထားချစ်တက်ရင် သူများသားသမီးကိုလည်း ဂယောင်ဂျာတန်ဖိုးထားတက်ပါသည်။ယွန်းဂျောင်ဟန်က မိန်းခလေးရှုံအောင်လှနေတာကလွဲရင် လိင်တူစိတ်ဝင်စားမယ့်ပုံတော့မပေါ်ပါ။ဒုက္ခပါပဲ ဘယ်လိုလုပ်ရပါ့။မတက်နိုင်ဘူးး ပတ်ဝန်းကျင်ကကိုယ့်သားကိုဘာမှမရှုံချနိုင်အောင် ဂယောင်ဂျာကပဲ သားဘက်ကနေမားမားမက်မက်ရပ်တည်ပေးရမှာပဲ။ဘာဖြစ်တုန်းးး သူ့ဟာသူယောက်ျားချင်းကြိူက်တော့ သူများသားမယားပစ်မှားနေတာလည်းမဟုတ်။ဥပဒေနဲ့မလွတ်ကင်းတာတွေကျူးလွန်တာလည်းမဟုတ်တာပဲ။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now