အပိုင်း(၁၅)

305 27 5
                                    

-"အန်တီ့ သား အိမ်ကို ဖုန်းခနဆက်ချင်လို့ ဖုန်းလေးတစ်ကောလောက်ခေါ်ပေးပါအုံးးးး။လာကြိုတဲ့နေ့ကြရင် မှာစရာလေးရှိလို့ပါ ခင်ဗျ။"

မင်ဂယူ နေ့လည်ပိုင်းထမင်းစားချိန် ထမင်းစားအပြီးးး ဆရာမကအိပ်နေသဖြင့် ဆရာမအစ်မကို အိမ်ကိုဖုန်းဆက်ဖို့ပြောနေခြင်းဖြစ်သည်။ မနက်ဖန်ကျောင်းပိတ်ရက်စပြီလေ ဆရာမကရှေ့လေးရက်ပိတ်ပေးမှာတဲ့ ဒါကြောင့် ဂျောင်ဟန်ဟျောင်းကို အိမ်အပါခေါ်ဖိူ့ အမေ့ကို လှမ်းအသိပေး၍ လိုတာလေးတွေလုပ်ထားဖို့ ဧသည်ပါလာမှာမို့ မင်ဂယူ့အခန်းလေးကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင်လုပ်ထားပေးရန်လှမ်းမှာမလို့ဖြစ်သည်။

-"အော် အေးရတယ်လေ သားးး ရော့ ပြောပြီးရင် ဒီစားပွဲပေါ်ပဲပြန်တင်ထားလိုက်နော် ခလေးးး"

-"ဟုတ်ကဲ့ခင်ဗျ"

ရိုရိုကျိုးကျိုးပြောပြီး အမေ့ဆီဖုန်းခေါ်လိုက်သည်။

-"တူ တူ တူ တူ တူ တူ"

ဖုန်းဝင်နေသံကကြာနေပြီ မကိုင်သေးဘူး အမေဘာတွေများအလုပ်ရှုပ်နေပါလိမ့်။

-"ဟယ်လို သား ဘာလိုလို့တုန်းးး"

ကျခါနီးမှဖြေလာသောအမေ့အသံ

-"အမေ့ ဘာတွေအလုပ်ရှုပ်နေတာတုန်း"

-"အော် အမေ့ပွဲရုံကို ကုန်လာတင်တဲ့ကုန်တင်ကားတွေလာပြီး ကုန်တင်နေလို့ပါဟယ် အဲ့တာတင်ပြီးသွားပြီ အမေစာရင်းကိုက်လား မကိုက်လား တိုက်စစ်နေလို့ပါ ဖုန်းသံကပိုက်ဆံအိတ်ထဲထည့်ထားလို့ သေချာမကြားရလိူ့ ကြာသွားတာပါ။ပြောလေသား ဘာပြောမလိူ့တုန်း"

‌-"အော် အင်းး သားတို့မနက်ဖန်ဆောင်းဦးပိတ်ရက်စပြီ အဲ့တာဆရာမကသားတို့ကို သုံးရက်ပိတ်ပေးမှာလေ သိတယ်မလား ဟိုတနေ့ညကအမေ့ကိုပြောတယ်လေ သားးး"

--"အေးးးပြောတယ်လေ အမေ မနက်ဖန်လာကြိုမှာလေ သားးးးးး   ဘာဖြစ်လို့တုန်း မပိတ်တော့ဘူးတဲ့လား မင်းတို့ဆရာမက"

-"မဟုတ်ပါဘူး အမေရယ် ပိတ်ပေးပါတယ် မနက်ဖန်မနက်ကိုးနာရီ အရောက်လာခေါ်ရမှာ အဲ့ဒါ........"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now