အလင်းရောင်ဆိုတာလုံးဝမရှိတဲ့ မှောင်ပိန်းနေသည့်အခန်းငယ်လေးတစ်ခန်းမှာထိုင်ကာ ဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်ရင်း ဘယ်နေရာမှန်းမသိတဲ့နေရာကိုစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်...
အရမ်းမှောင်နေတာမို့ သူ့ကိုဘယ်သူမှမမြင်ရပေမဲ့သူကတော့အရာအားလုံးကိုမြင်နိုင်တယ်လေ...အဲ့လိုပုံစံမျိုးကိုသဘောကျတယ်...ကိုယ့်ကိုဘယ်သူမှမမြင်ရဘဲ ကိုယ်ကသာအားလုံးကိုမြင်ရတဲ့ပုံစံ....
သူ့နာမည်က Wu Chanyeol တဲ့...
ပြောရရင်သူဋ္ဌေးသားတစ်ယောက်ပေါ့...ဒါပေမဲ့သူနေနေတဲနေရာက လူတွေအသွားအလာနည်းတဲ့တိုက်ခန်းတစ်ခုသာ...
မိဘတွေကအငယ်ဆုံးသားမို့အရာရာကိုအလိုလိုက်ထားသလောက် သူကလည်းအရမ်းဆိုးသည်။လူငယ်ပီပီ ဆေးလိပ်သောက်တယ် club တက်တယ် ရန်ဖြစ်တယ်....လူဆိုးလို့အမည်တွင်တယ်ဆိုလည်းမမှားပေ
အမှောင်ထဲမှာအနက်ရောင်ဝတ်စုံကိုဝတ်ပြီးထိုင်နေတာမို့ သူ့ရဲ့ဆေးလိပ်မီးရောင်ရဲရဲမှအပ လူကိုသဲသဲကွဲကွဲမမြင်ရပေ
ဒါပေမဲ့သူ့ရဲ့ဖြူဖွေးသောအသားအရည်နဲ့ ခပ်ဖွာဖွာထားထားတဲ့ဆံပင်အဖြူရောင်တွေကတော့အမှောင်ထဲထင်းနေလေသည်
Chanyeol ကဆိုးလွန်းတာကြောင့်မိဘတွေက လုပ်ချင်တာလုပ်ဆိုပြီး ဥပေက္ခာပြုထားကြသည်။ Chanyeol ဆိုးတာမှန်သည်။ ဒါပေမဲ့သူကယုတ်မာသူမဟုတ် စိတ်ထားကောင်းတယ် ကြင်နာတတ်တယ် သူများကိုလည်းကူညီပေးတတ်တယ် ဒါပေမဲ့အကြောင်းတစ်ခုကြောင့်သူကအရမ်းဆိုးနေခဲ့တာ...ပြောရရင်မိဘတွေကို အရွဲ့တိုက်ချင်တာပေါ့
Chanyeol မှာ Wu Kris ဆိုတဲ့အစ်ကိုတစ်ယောက်ရှိတယ်...အရင်းလားဆိုတော့မဟုတ်ဘူး...အဖေတူအမေကွဲပေါ့...ပြောရရင် Chanyeol ကမယားငယ်ရဲ့သားပေါ့
Chanyeol အဖေကသူ့အမေနဲ့လက်ထပ်ပြီး Chanyeol ကိုမွေးခဲ့သည်။ နုံအလွန်းတဲ့ Chanyeol အမေက သူ့အဖေမှာ ပထမ မယားကြီးရှိပြီး သားတစ်ယောက်ရှိတာကိုမသိခဲ့..
Chanyeol အသက်ဆယ်နှစ်လောက်ရောက်မှ မယားကြီးကသိသွားပြီး Chanyeol အမေကိုပြသနာရှာသောင်းကျန်းတော့သည်။
आप पढ़ रहे हैं
ကြွေရုပ်(Complete)
रोमांसWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...