Baekhyun တစ်ယောက်သူအရင်နေခဲ့တဲ့မိဘမဲ့ဂေဟာကိုပြန်လာခဲ့သည်။
Mother ကိုသတိရတာကြောင့်ရော Chanyeol များပြန်မှတ်မိခဲ့ရင်လာခေါ်ဖို့လွယ်အောင်မိဘမဲ့ဂေဟာကိုပြန်ခဲ့ခြင်းသာ...
Chanyeol...သူကျွန်တော့်ကိုပြန်မှတ်မိမှာပါနော်...ကျွန်တော်သဲလွန်စအကြီးကြီးထားခဲ့တာဘဲ...
ကျွန်တော်နေ့တိုင်းသူ့ရဲ့ပုံတူပန်ချီကားလေးတွေဆွဲထားတာကိုသူတွေ့လောက်မှာပါနော်...ကျွန်တော့်အတွက်လက်ရာအမြောက်ဆုံးပန်ချီကားတွေပေါ့
ကျွန်တော်နဲ့သူ နှစ်ပေါင်းများစွာကွဲကွာခဲ့တယ်...နှစ်တွေအများကြီးကြာမှကျွန်တော်နဲ့သူ့ရဲ့ပထမဆုံးတွေ့ဆုံမှု...အလင်းရောင်မရှိတဲ့ တိုက်ခန်းလေးတစ်ခန်းထဲမှာပေါ့...အမှန်တိုင်းဝန်ခံရရင် အဲ့တုန်းက ကျွန်တော့်ကိုစိတ်တိုအောင်လုပ်ခဲ့တဲ့သူဟာ ကျွန်တော်နေ့တိုင်းလွမ်းနေခဲ့ရတဲ့ Channie ဆိုတာ တကယ်မသိခဲ့ဘူး...
သူကျွန်တော့်ကိုဆွဲပွေ့လိုက်တဲ့အချိန်မှာ ကျွန်တော့်ရင်တွေမတရားခုန်ခဲ့ပေမဲ့ လန့်သွားတာကြောင့်ပါလို့သာကျွန်တော်ထင်ခဲ့မိတာ...ကျွန်တော့်ဆိုတာ ချက်ချင်းမမှတ်မိတဲ့ကျွန်တော် တော်တော်ဆိုးတယ်နော်..
ဒါပေမဲ့ ကျွန်တော်မမှတ်မိတာလဲမဆန်းပါဘူး...သူ့ပုံစံကတကယ့်လူမိုက် တေလေဂျပိုးရုပ်ဟာကို...ကျွန်တော့် Channie ကအဲ့လိုမှမဟုတ်တာ...
ကျွန်တော့်ကို hyung ကသူ့ Appa နဲ့မိတ်ဆက်ပေးတဲ့နေ့...အဲ့နေ့က Chanyeol ဆိုတဲ့နာမည်ကိုသိလိုက်ရတယ်...Chanyeol...အဲ့တာ ကျွန်တော့် Channie နာမည်လေ...အဲ့တာဆိုသူက Channie ပေါ့....ဒါနဲ့နေပါဦး သူကကျွန်တော့်နာမည်ကိုသိရဲ့သားနဲ့ ကျွန်တော့်ကိုမမှတ်မိဘူးလား?? ကျွန်တော့်မှာတော့ သူ့ကိုနေ့တိုင်းလွမ်းနေရတာကို သူကကျွန်တော့်ကိုမမှတ်မိဘူးတဲ့လား??
အဲ့နေ့ကကျွန်တော်သူ့ကိုအရမ်းစိတ်ဆိုးခဲ့တာ....ဒါပေမဲ့နောက်တော့ ကျွန်တော်သိခဲ့ရတယ်..Channie ကအတိတ်တစ်ချို့ကိုမေ့နေခဲ့တာတဲ့လေ...ဒါပေမဲ့ ကျွန်တော်သူ့ကိုစိတ်ဆိုးတုန်းဘဲ ဘာလို့လဲဆိုတော့ သူကျွန်တော့်ကိုကတိတစ်ခုပေးခဲ့ဖူးတယ်လေ...သူအတိတ်မေ့သွားရင်တောင်ကျွန်တော့်ကိုဘယ်တော့မှမမေ့ဘူးဆိုပြီးတော့လေ...ဒါပေမဲ့သူကတိမတည်ဘူး...သူ..သူကျွန်တော့်တစ်ယောက်တည်းကိုဘဲမေ့နေခဲ့တာမလား
ВЫ ЧИТАЕТЕ
ကြွေရုပ်(Complete)
Любовные романыWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...