ကြွေရုပ်-34

7.8K 532 10
                                    

"Hello Chen hyung"

"Omm Chanyeol ဆေးရုံကိုမြန်မြန်လာခဲ့ပါ...မင်း Appa...မင်း Appa ဆုံးပြီ"

"ဗျာ!!!!!!!!"

"ဟုတ်တယ် Chanyeol စောစောကဘဲဆုံးသွားတာ Baekhyun ကိုပြောလိုက်ဦး Kris ကိုလဲတွေ့ပြီလို့ သူဒီရောက်နေပြီ မင်းသာအမြန်လာခဲ့"

Chen ဖုန်းချသွားတဲ့အထိ Chanyeol ဖုန်းကိုကိုင်ကာ ငူငူကြီးရပ်နေမိသည်။

Appa...Appa ဆုံးသွားပြီတဲ့လား? မဖြစ်နိုင်တာ....ဒီလောက်မြန်မြန်ကြီး...Aryniya မဟုတ်ဘူး...Chen hyung လိမ်နေတာ...

"Chanyeol ဘာဖြစ်နေတာလဲ?"

Chanyeol အတွေးပေါင်းစုံနဲ့တုန်လှုပ်နေတုန်း သူ့ပုခုံးကိုလာပုတ်တဲ့ Baekhyun ကြောင့် အသိစိတ်ကလက်ရှိအချိန်ကိုပြန်ရောက်လာတော့သည်။

"Baby...Baby ah...Appa...Appa ဆုံးပြီတဲ့"

"Bor!!! Chanyeol ဘာပြောလိုက်တယ်?? Appa ဆုံးပြီဟုတ်လား?"

"မဟုတ်ဘူး Chen hyung နောက်နေတာနေမှာပါ...Appa ကဆုံးစရာလား...ကိုယ်တောင်သူနဲ့စကားအေးဆေးမပြောရသေးဘူးလေ...ကိုယ်ဆိုးခဲ့တာတွေအတွက်သူ့ကိုမတောင်းပန်ရသေးဘူးလေ...Wae??!!! ဘာလို့အစောကြီးထွက်သွားခဲ့ရတာလဲ?"

Chanyeol မျက်ရည်တွေအဆက်မပျက်စီးကျရင်း ပစ္စည်းတွေရိုက်ခွဲကညသောင်းကျန်းတော့ Baekhyun အတင်းဝင်ဆွဲကာ

"Chanyeol စိတ်အေးအေးထားစမ်း!!! Wu Chanyeol!!!! အခုဒီလိုလုပ်နေရမဲ့အချိန်မဟုတ်ဘူး....Appa အခုဆေးရုံမှာမလား အမြန်သွားရအောင်"

Baekhyun, Chanyeol ကိုအတင်းဆွဲခေါ်ကာ ဆေးရုံဆီကားအမြန်မောင်းလာခဲ့လိုက်သည်။

ဆေးရုံရောက်တော့ Kris hyung လဲရောက်နှင့်နေပြီလေ

Kris hyung ကတော့ ဟိုဘက်လှည့်ကာမျက်ရည်ကျနေသလို Chanyeol လဲအိမ်မှာလိုမသောင်းကျန်း...

သူ့Appa ကိုသာခဏကြည့်ပြီး အပြင်ထွက်သွားခဲ့သည်။
Baekhyun လိုက်သွားဖို့ပြင်လိုက်ပေမဲ့ Chen hyung ကသူ့ပုခုံးကိုလှမ်းကိုင်လိုက်ကာ ခေါင်းခါပြသည်။

"လွှတ်ထားလိုက်ပါ Baekhyun...သူလွတ်လွတ်လပ်လပ်ငိုပါစေ"

"ဒါပေမဲ့တစ်ယောက်တည်းဖြစ်ပါ့မလား?"

ကြွေရုပ်(Complete)Where stories live. Discover now