ကြွေရုပ်-41

7.5K 461 5
                                    

Luhan အိမ်ရဲ့ဧည့်ခန်းထဲမှာ အတွဲသုံးတွဲထိုင်နေကြသည်။

အတွဲသုံးတွဲ....အင်း...Kris နဲ့ Tao လဲအတွဲဖြစ်သွားပြီလေ...Tao ကလဲဟိုးအရင်ကတည်းက Kris ကိုချစ်နေခဲ့တာဆိုတော့ ချစ်သူတွေဖြစ်သွားကြပြီပေါ့...

ဒါပေမဲ့မပြီးသေးတာက Kris နဲ့ Luhan ရဲ့ပြသနာ...

Kris, Luhan ကိုမီးတဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာမို့ Luhan, Sehun လက်ကိုကိုင်ကာ ခန္ဓကိုယ်လေးကိုကျုံ့ထားမိသည်။

"ကဲ...Luhan ပြောစမ်းပါဦး!!! ငါ Tao ကိုချစ်နေတာသိရက်နဲ့ ဘာကိစ္စအဲ့လောက်ထိနောက်ရတာလဲကွ!! ငါ့မှာနှစ်ပေါင်းများစွာဘယ်လောက်တောင်ခံစားခဲ့ရလဲမင်းသိလား?!"

"နှစ်ပေါင်းများစွာ?? Kris မင်းဘာတွေပြောနေတာလဲ?!"

Kris စကားကြောင့် Luhan ကြောင်သွားမိတာအမှန်ပင်...ဘာဖြစ်လို့သူကနှစ်ပေါင်းများစွာခံစားနေရတယ်လို့ပြောတာလဲ??

မဟုတ်မှ...ဒီကိစ္စကိုသူအခုမှသိတာတော့မဟုတ်ပါဘူးနော်..

"ခဏ...ခဏလေး Kris မင်းအခုမှသိတာလား?"

"ဘာကိုလဲ??!!"

"အဲ့ကိစ္စကိုငါစလိုက်တယ်ဆိုတာအခုမှသိတာလားလို့?"

"ဟုတ်တယ်လေ...Tao ပြောပြမှသိခဲ့ရတာ...မင်းကွာ...တော်တော်ရက်စက်တယ်"

"ဟိုက် သေရော...အဲ့တာငါ့အမှားမဟုတ်ဘူးမင်းမှားတာ...မင်းသူများကိုကျနမော်နမဲ့နိုင်တယ်အမြဲပြောတယ် မင်းကမှတကယ့်အစစ်နမော်နမဲ့နိုင်တာ"

"ဟမ်? ငါကဘာကိုနမော်နမဲ့နိုင်တာလဲ?"

"ဟုတ်တယ်...ငါအဲ့နေ့ကမင်းကိုသက်သက်စခဲ့တာ ဝန်ခံတယ်...ဒါပေမဲ့နောက်နေ့ကျတော့ မင်းအရမ်းခံစားနေရမှာစိုးလို့ ချက်ချင်းဘဲ ငါစနေတာဆိုတဲ့အကြောင့် အဲ့အမျိုးသမီးက Tao အမဆိုတဲ့အကြောင်းနဲ့ မင်းလာချင်ရင်လာလို့ရအောင် Tao အိမ်လိပ်စာပါပို့ပေးခဲ့တာ...မင်းမတွေ့ဘူးလား?"

"ဟင့်အင်း ငါမတွေ့ပါဘူး"

"အဲ့မှာလဲသာသေတော့...Email တွေကိုဘယ်တော့မှသေချာမစစ်ဘူး အဲ့မှာကိုယ့်အပြစ်နဲ့ကိုယ်ခံ ငါနဲ့မဆိုင်ဘူး"

ကြွေရုပ်(Complete)Where stories live. Discover now