ကြွေရုပ်-38

8.7K 548 5
                                    

မနက်ခင်းရဲ့နေရောင်က ပြတင်းပေါက်မှဖြတ်သန်းကာ ကုတင်ပေါ်မှာတစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာဖက်ထားထားရင်းအိပ်ပျော်နေတဲ့ကောင်လေးနှစ်ယောက်ပေါ်ဖြာကျလာခဲ့သည်။

စူးရှလွန်းတဲ့နေရောင်ကြောင့် Chanyeol မျက်လုံးကိုလက်နဲ့အသာကာလိုက်ရင်းနိုးထလာခဲ့သည်။

နိုးနိုးချင်းလက်မောင်းတစ်ဖက်ကထုံကျင်မှုဝေဒနာကိုခံစားလိုက်ရတာမို့ လှည့်ကြည့်မိတော့ သူ့ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ puppy ပေါက်လေး...

Chanyeol လက်မောင်းတစ်ခုလုံးထုံကျင်နေပေမဲ့ သူလှုပ်လိုက်ရင် baby နိုးသွားမှာစိုးတာကြောင့် ငြိမ်ငြိမ်လေးနေရင်းသာ baby ရဲ့မျက်နှာလေးကိုစိုက်ကြည့်နေမိသည်။

အခုလိုအိပ်ယာနိုးနိုးချင်း baby ရဲ့မျက်နှာလေးကိုမြင်ရတာ အရမ်းကိုကျက်သရေရှိလွန်းတယ်...

ကျွန်တော်တကယ်မယုံနိုင်သေးဘူး...baby နဲ့ကျွန်တော်နဲ့ချစ်သူတွေဖြစ်သွားပြီဆိုတာကိုလေ...Arr ကျွန်တော်မေ့သွားတယ် သူနဲ့ကျွန်တော်ကလက်ထပ်ပြီးသွားပြီဘဲ...

ကျွန်တော်တကယ်ပျော်တယ်...babyကကျွန်တော့်ကိုချစ်တယ်တဲ့လေ...အရမ်းကြားချင်ခဲ့တဲ့စကားလေးတစ်ခွန်းကိုခုလိုကြားလိုက်ရတဲ့အတွက် ခုနေကျွန်တော့်ကိုသေဆိုရင်တောင်သေပျော်ပါပြီ...

"imm~~umm~~~"

Chanyeol, Baekhyun ကိုစိုက်ကြည့်နေတုန်း Baekhyun puppy လေးတစ်ကောင်လိုတအင်းအင်းတအဲအဲလုပ်ကာ နိုးထလာခဲ့သည်။

နိုးနိုးချင်း သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့ Chanyeol မျက်နှာကြီးကိုအနီးကပ်တွေ့လိုက်ရတာကြောင့် Baekhyun လန့်သွားမိသည်။ နောက်မှပြုံးကာ

"ဘာတွေအဲ့လောက်စိုက်ကြည့်နေတာလဲ Wu Chanyeol shi? ငါ့မျက်နှာကြီးလဲပေါက်ထွက်သွားဦးမယ် အဲ့လောက်ကြည့်မနေနဲ့လေ"

"ချစ်လို့ကြည့်တာဘဲကို wuri puppy လေးချစ်လိုက်တာကွာ"

Chanyeol ကြည့်နေရင်းအသည်းယားလာတာကြောင့် Baekhyun ရဲ့နှာခေါင်းလုံးလုံးလေးကိုမနာအောင် ကိုက်ပစ်လိုက်သည်။

"Ah!! Wu Chanyeol ဗိုက်ဆာရင်မနက်စာသွားစားလေ...နှာခေါင်းကြီးကိုကိုက်နေရလား?"

ကြွေရုပ်(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ