ကြွေရုပ်-3

10.7K 699 4
                                    

Chen, Chanyeol အိမ်သွားတော့ အိမ်မှာမရှိတာမို့ Wu အိမ်တော်များသွားလားဆိုပြီးစိတ်ထဲထင့်နေတာနဲ့ Wu အိမ်တော်ကိုလာခဲ့တာ

ထင်တဲ့အတိုင်းဘဲ ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်နေကြပြီ

"ဟေ့ကောင်တွေ ရပ်လိုက်စမ်း!"

Chen အော်သံအဆုံး နှစ်ယောက်လုံး သတိလစ်သွားတယ်လေ

Chen လည်းသက်ပြင်းချကာလူနာတင်ယာဉ်ကိုဖုန်းဆက်ခေါ်ရတော့သည်။

တကယ်တော့ Chen က Kris ရဲ့သူငယ်ချင်းပါ...သူတို့အိမ်တွင်းရေးတွေအားလုံးကိုခရေစိတွင်းကျသိနေတဲ့သူဆိုလည်းမမှား...

Chen က Kris ရဲ့သူငယ်ချင်းဆိုပေမဲ့ Chanyeol နဲ့လည်းအရမ်းခင်တယ်လေ...အမှန်ပြောရရင် သူတို့နှစ်ယောက်ရန်ဖြစ်နေချိန် အဲ့လိုတားရဲတာ Chen တစ်ယောက်ဘဲရှိတယ်...ဘယ်သူမှမတားရဲကြဘူးလေ သူတို့နှစ်ယောက်ရန်ဖြစ်ရင်ကြောက်စရာကောင်းလွန်းလို့..

Chen ကသူတို့ညီအစ်ကိုနှစ်ယောက်ကိုပြန်ပြေလည်အောင်ကြိုးစားနေသူဖြစ်သည်။ Chen သိတယ်..ဒီကိစ္စတွေမှာသူတို့ညီအစ်အကိုနှစ်ယောက်အမှားမှမရှိတာဘဲ...သူတို့နှစ်ယောက်မုန်းနေစရာမှမလိုတာ..တကယ်တမ်းအပြစ်ရှိတာ Wu သူဋ္ဌေးကြီးလေ

Chanyeol လည်းသူအမေကိုဆုံးရှုံးခဲ့ရတယ်..
Kris လည်းသူ့အမေကိုဆုံးရှုံးခဲ့ရတယ်..
နှစ်ယောက်လုံးအတူတူပါဘဲ နစ်နာခဲ့ကြတာချည်းဘဲ...

ပြီးတော့ Wu သူဋ္ဌေးကြီးသားနှစ်ယောက်ကြောင့်ဘယ်လောက်စိတ်ဆင်းရဲနေရလဲဆိုတာ Chen သိသည်။

Wu သူဋ္ဌေးကြီးမမှားဘူးလို့မပြောပါဘူး...အဓိကတရားခံကသူဘဲလေ သူ့ကြောင့်အခုလိုတွေဖြစ်ကုန်တာဘဲ..
ဒါပေမဲ့ သားနှစ်ယောက်ကအခုလိုဖြစ်နေတော့မိဘဖြစ်တဲ့သူက ဘယ်စိတ်ချမ်းသာနိုင်ပါ့မလဲ?

အမေတွေကိုဆုံးရှုံးခဲ့ရပေမဲ့ သူတို့မှာအဖေရှိသေးတယ်လေ...ရှိသေးတဲ့အဖေကိုစိတ်ချမ်းသာအောင်ထားပြီး မိသားစုသုံးယောက်ပျော်ပျော်ရွှင်ရွှင်နဲ့နေစေချင်တာ Chen ဆန္ဒပါ
အဲ့တာကြောင့်သူတို့သုံးယောက်ပြန်အဆင်ပြေအောင် Chen ကြိုးစားခဲ့တယ်...ဒါပေမဲ့နှစ်တွေသာကြာလာခဲ့တယ် အချည်းနှီးသာ...

ကြွေရုပ်(Complete)Where stories live. Discover now