ကြွေရုပ်-28

7.8K 539 10
                                    

Baekhyun အိပ်ရာကနိုးလာတော့ အနားမှာဘယ်သူမှမရှိတာနဲ့ အပြင်ထွက်လာခဲ့လိုက်သည်။

ဆေးရုံထဲမှာနေရတာ အသက်ရှုကြပ်လာတာမို့ လေကောင်းလေသန့်ရှူရအောင် ဆေးရုံရဲ့ခေါင်မိုးထပ်ကိုတက်လာခဲ့လိုက်တယ်

အပေါ်ရောက်တော့ စကားသံလိုလို ငိုသံလိုလိုကြားတာကြောင့် ဘာရယ်မဟုတ် ထောင့်အကွယ်လေးကကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြလွန်းလို့ အာမေဋိတ်သံပင်ထွက်သွားရသည်။

အခု...အခု Hyung က Chanyeol ကိုဖက်ထားတာလား?? Chanyeol ကလဲ Hyung ကို Hyung လို့ခေါ်လိုက်တာလား?

OMG!!! အဲ့တာဆိုသူတို့နှစ်ယောက်တည့်သွားပြီပေါ့နော်....မထင်ခဲ့ဘူး...အဲ့လောက်မြန်မြန်ကြီးတည့်သွားလိမ့်မယ်လို့ ကျွန်တော်တကယ်မထင်ခဲ့မိတာ....ဘာဘဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ပထမခြေလှမ်းအောင်မြင်တာပေါ့နော်...Aryni အောင်မြင်တာထက်ပိုခဲ့တာပေါ့...
ဒါနဲ့ Chanyeol နဲ့ Hyung ကဘာလို့ငိုနေရတာလဲ??

Chanyeol နဲ့ Kris ဘာလို့ငိုနေရတာလဲဆိုတဲ့အကြောင်းအရင်းကို Baekhyun သိချင်တာကြောင့် သူတို့ပြောစကားများကို သေချာနားစွင့်နေလိုက်သည်။

"Appa ခုလောက်ထိဖြစ်နေတာကို ငါတို့ဘာလို့မသိခဲ့ရတာလဲ? သူဘာလို့ဖုံးကွယ်ထားတာလဲ? ငါဘယ်လိုမှစဉ်းစားမရတော့ဘူး T~T"

"ဒီအတိုင်း...ဒီအတိုင်းငါတို့ကိုစိတ်မညစ်စေချင်လို့နေမှာပါ...အရမ်းမငိုပါနဲ့ကွာ ငိုတာမင်း style မှမဟုတ်တာ Chanyeol"

ဟမ်???!!!!! သူတို့သိသွားတာလား??!! Wuသူဋ္ဌေးကြီးရဲ့ရောဂါအခြေအနေကိုသိသွားတာတော့မဟုတ်ပါဘူးနော်...

Andwe!!!!! Wuသူဋ္ဌေးကြီးက ဒီအကြောင်းကို သူတို့နှစ်ယောက်လုံးဝမသိစေနဲ့လို့ပြောထားတာလေ...ဘယ်လိုသိသွားတာလဲ?? Aryniya ငါဒီလိုနေရမဲ့အချိန်မဟုတ်ဘူး...ဒီကိစ္စ Chen hyung သိပြီးသွားပြီလားမသိဘူး သူ့ကိုသွားပြောမှဖြစ်မယ်

Baekhyun အတွေးနဲ့အတူ Chen hyung ဆီကိုပြေးထွက်သွားခဲ့သည်။ ဒါကိုတော့ ခေါင်မိုးထပ်မှာငိုနေကြတဲ့ Chanyeol နဲ့ Kris သတိမထားမိခဲ့....

Baekhyun ဆေးရုံးခန်းထဲပြန်ရောက်တော့ သူ့အခန်းထဲကအလောတကြီးထွက်လာတဲ့ Chen hyung,Luhan hyung နဲ့ သူ့ဘေးကအခြားကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ကြွေရုပ်(Complete)Where stories live. Discover now