ကြွေရုပ်-36

8K 544 3
                                    

Flashback start>>>>>>

ဒီနေ့ Chanyeol ရဲ့မွေးနေ့မို့ Appa နဲ့ Omma နဲ့အတူမွေးနေ့ကိတ်လေးမှုတ်ကာအတော်ပင်ပျော်စရာကောင်းလှသည်။

"ကဲ Happy Birthday ပါ wuri Chanyeol လေး...ဒီနေ့သားလေးမွေးနေ့ဆိုတော့ ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ Appa ကိုပြော...ဒီနေ့တစ်နေ့လုံး Chanyeollie လေးအတွက် Appa အချိန်ပေးမယ်"

"တကယ်ပြောတာလား Appa"

"တကယ်ပေါ့သားရဲ့...ကဲ သားဘာလုပ်ချင်လဲပြော"

"Hee အဲ့တာဆို ပထမဆုံး Omma..Appa တို့နဲ့တူတူကစားကွင်းသွားချင်တယ်...ပြီးရင် Appa သွားလှူနေကြမိဘမဲ့ဂေဟာကိုလဲသွားချင်တယ်....ပြီးရင်တော့ Omma ချက်ကျွေးတဲ့ ညစာကိုမိသားစုတူတူစားချင်တယ်"

"Aigoo wuri Chanyeollie လေးလုပ်ချင်တာတွေကလဲများလိုက်တာကွာ...ဟုတ်ပါပြီ သားဖြစ်စေချင်တဲ့အတိုင်းဖြစ်ရမယ်နော်...ကဲခုဘဲသွားရအောင် kharja"

"Yayyy အဲ့တာကြောင့် Appa ကိုချစ်တာ~mwak~"

"ဟားဟား...ဟုတ်ပါပြီဗျာ Appa ကလဲ yeollie လေးကိုအရမ်းချစ်တာပေါ့"

"Aigoo ဒီသားအဖတော့နော် ချစ်နေလိုက်ကြတာ ကျွန်မကိုတောင်မေ့နေပြီပေါ့ဟုတ်လား?"

"မမေ့ပါဘူး Omma ကလဲ...Omma ကိုလဲသားကအရမ်းချစ်တာပေါ့ ~mwak~"

ချွဲတတ်လွန်းတဲ့ Chanyeol ကြောင့်မိဘတွေကလဲသည်းသည်းလှုပ်ချစ်ကြသလို Chanyeol ကလဲသူ့မိဘတွေကိုတအားချစ်သည်။

တစ်နေ့လုံး Chanyeol ရဲအလိုအတိုင်းကစားတွေသွား မုန့်တွေစားပြီးတော့ မိသားစုသုံးယောက်တူတူ မိဘမဲ့ဂေဟာဆီရောက်လာခဲ့ကြသည်။

Omma နဲ့ Appa ကလေးတွေကိုမုန့်တွေဝေနေတုန်း Chanyeol လဲပျင်းလာတာနဲ့ မိဘမဲ့ဂေဟာကိုလျှောက်ကြည့်ရန်ထွက်လာခဲ့သည်။

တစ်နေရာရောက်တော့ စာအုပ်လေးတစ်အုပ်ချကာ တစ်ယောက်တည်းပန်းချီဆွဲနေတဲ့ကောင်လေးတစ်ကိုတွေ့တာမို့ Chanyeol လဲသူဘာပုံဆွဲနေလဲသိချင်စိတ်နဲ့ ထိုကောင်လေးနားလျှောက်သွားလိုက်သည်။

ပန်းချီထဲစိတ်ပါဝင်စားနေတဲ့ကောင်လေးကတော့ သူဘေးရောက်နေတာကိုသတိထားမိပုံမပေါ်...

ကြွေရုပ်(Complete)Where stories live. Discover now