ကြွေရုပ်-17

8.4K 534 5
                                    

မျက်ရည်အသွင်သွင်စီးကျကာ hyung လို့သာပါးစပ်ကတစ်ဖွဖွရွတ်နေတဲ့ Baekhyun ကိုကြည့်ပြီး Chen စိတ်မကောင်း...

Baekhyun...အရမ်းကို စိတ်ထားကောင်းတဲ့ကောင်လေးတစ်ယောက်ပါ...Wuသူဋ္ဌေးကြီးပြောသမျှကို ရင်နာခံပြီးလုပ်ပေးခဲ့တယ်...အားလုံးကောင်းဖို့အတွက်တဲ့....

Flashback start>>>>

Chanyeol တို့ဆီရဲတွေရောက်လာတော့ ထိုရဲကားတွေနဲ့အတူ Chen ပါပါလာခဲ့သည်။

ရဲတွေကသူ Kai ကိုလိုက်စုံစမ်းခိုင်းထားတာ ဘယ်လိုသိလဲမသိဘူး Kai ရဲ့ဖုန်းကိုခြေရာခံပြီး Chanyeol ရှိတဲ့နေရာကိုသိသွားတယ်လေ

အဲ့တာကြောင့် Chen နောက်အမြန်လိုက်ခဲ့တာ...
Chanyeol ကိုဖမ်းသွားပြီးတော့လည်း Baekhyun ကိုခေါ်လာခဲ့ဖို့သူ့ကို Wuသူဋ္ဌေးကြီးကတောင်းဆိုထားတာမို့လို့ ရဲစခန်းနဲ့သိပ်မဝေးတဲ့ coffee ဆိုင်လေးကိုခေါ်လာခဲ့လိုက်တယ်လေ

"ဟိုလေ Chen hyung...Wuသူဋ္ဌေးကြီးကဘာလို့ ကျွန်တော့်ကိုခေါ်ခိုင်းတာလဲဟင်?"

"Hyung လည်းမသိဘူး Baekhyun ရဲ့ သူခဏနေရင်ရောက်လာတော့မှာပါ အဲ့ကျအကြောင်းစုံသိရမှာပေါ့"

"ကျွန်တော်...ကျွန်တော်ကြောက်တယ် hyung..ဘာလို့ကြောက်နေမှန်းမသိဘူး"

"ဟားဟား...Baekhyun ရယ် သူဋ္ဌေးကြီးကအရမ်းသဘောကောင်းတာကွ ဘာမှကြောက်စရာမလိုပါဘူး ခုခေါ်တာလဲ အကြောင်းရှိလို့နေမှာပါ"

Chen နဲ့ Baekhyun coffee ဆိုင်မှာထိုင်ရင်းစကားပြောနေကြတုန်း Wu သူဋ္ဌေးကြီးရောက်လာတယ်

"Baekhyun လေးကရောက်တောင်ရောက်နေပြီလား?"

"Nae Annyeongsayo Wuသူဋ္ဌေးကြီး"

Baekhyun အလိုက်တသိ မတ်တပ်ရပ်ကာ ခါးလေးကိုင်းပြီးနှုတ်ဆက်လိုက်တယ်

Wuသူဋ္ဌေးကြီးပြုံးကာ ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး

"အရင်ဆုံးထိုင်ပါဦး"

"Nae...."

Baekhyun ထိုင်ပြီးတော့ Wuသူဋ္ဌေးကြီးကသူ့ကိုပြုံးပြီးကြည့်နေတာမို့နေရခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားစလိုက်တယ်

"အဟမ်း...ဟိုလေ ကျွန်တော့်ကိုတွေ့ဖို့ခေါ်တယ်ဆိုတော့ ဘာကိစ္စများရှိလို့လဲ Wuသူဋ္ဌေးကြီး"

ကြွေရုပ်(Complete)Where stories live. Discover now