ကြွေရုပ်-24

8.3K 592 14
                                    


အိမ်ရှေ့တည့်တည့်မှာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေတဲ့ Chanyeol ကြောင့် Baekhyun လန့်သွားမိသည်။

သူ...သူတွေ့သွားတာလား???

"Chan....Chanyeol ah...."

Baekhyun အလန့်တကြားခေါ်လိုက်မိတော့ Chanyeolသူတို့ရှိရာနေရာကိုတစ်လှမ်းချင်းလျှောက်လာတယ်...

သူတို့နှစ်ယောက်ရန်ဖြစ်မှာစိုးတဲ့အသိကြောင့်ရော စောစောက ကိစ္စကြောင့်ပါ Baekhyun လန့်နေပေမဲ့ Kris ကတော့အေးတိအေးစက်မျက်နှာနှင့် မဲ့ပြုံးတစ်ခုကိုသာပန်ဆင်ထားသည်။

Hak..ငါ့အကွက်ထဲတည့်တည့်ကြီးကိုဝင်လာခဲ့တာပါလား Wu Chanyeol...ကိုယ်ချစ်တဲ့သူကို သူများနမ်းရှိုက်နေတာမြင်တော့ဘယ်လိုခံစားရလဲ???

Hk hk ဒါကအစဘဲရှိပါသေးတယ်...ကိုယ့်ချစ်သူတစ်ယောက်လုံးကကိုယ့်ကိုမုန်းတယ်လို့ပြောပြီး လမ်းခွဲခဲ့တဲ့ခံစားချက်ကိုမင်းခံစားရအောင်လုပ်ပေးမယ် Wu Chanyeol...ဒါပေမဲ့...

အမှန်တော့ Chanyeol ခြံထဲဝင်လာတာကို Kris အမှတ်မထင်တွေ့လိုက်တယ်လေ အဲ့တာကြောင့်သက်သက်ဒီမြင်ကွင်းမျိုးဖန်တီးခဲ့တာ...

Chanyeol တစ်လှမ်းချင်းလျှောက်ပြီး Baekhyun နဲ့ Kris ရဲ့မျက်နှာချင်းဆိုင်မှာရပ်လိုက်ကာ နှစ်ယောက်လုံးကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး..

"မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုငါတွေ့ခဲ့ရတာဘဲ Hak ငါရောက်လာတော့အနှောက်အယှက်များဖြစ်သွားလား?"

Chanyeol ရဲ့ခနဲ့တဲ့တဲ့ပြောတဲ့စကားသံအဆုံး Baekhyun ပြာပြာသလဲဝင်ရှင်းပြသည်။

"မဟုတ်ဘူး...မဟုတ်ဘူး Chanyeol ah မင်းထင်သလိုမဟုတ်ဘူး"

"ဘာမဟုတ်တာလဲ Byun Baekhyun!!! မင်းငါ့ကိုအရမ်းမုန်းနေတယ်ဆိုတာသိပေမဲ့ ဒီလောက်ထိ...ဒီလောက်ထိတော့မလုပ်သင့်ဘူးထင်တယ်!! အခုမင်းကငါနဲ့တရားဝင်လက်ထပ်ထားတဲ့သူဘဲ!! လက်ထပ်ထားတာမှတစ်ရက်မပြည့်သေးဘူး ငါ့ကွယ်ရာမှာဖောက်ပြန်နေတာ မင်းအောက်တန်းကျလှချည်လား Byun Baekhyun!!! အခုလိုမျိုးဖောက်ပြန်ချင်လို့မင်း ဒီအိမ်မှာနေဖို့လုပ်ခဲ့တာလား?! ဟမ်??!! မင်းပြောတဲ့ အကြောင်းတစ်ခုကြောင့်ဒီမှာနေချင်တယ်ဆိုတာ ဒီကိစ္စလား??!! ပြောစမ်းပါ Byun Baekhyun!! "

ကြွေရုပ်(Complete)Where stories live. Discover now