ကြွေရုပ်-9

9K 587 2
                                    

Chanyeol အတွေးပေါင်းစုံနဲ့စိတ်ညစ်မှုတွေကြောင့်ကားကိုအရှိန်အပြင်းဆုံးမောင်းကာအိမ်ပြန်ခဲ့တယ်

လမ်းမှာမီးပွိုင့်တွေဘာတွေလည်းမသိတော့ဘဲဖြတ်မောင်းတာကြောင့်သူ့ကားနောက်မှာရဲကားတွေလိုက်လာတာမို့ ဆူညံနေလေရဲ့...

နောက်ရဲကားတွေက ကားကိုရပ်လိုက်ဖို့ပြောပေမဲ့ Chanyeol မရပ်ခဲ့..

ဟင့်အင်း ကျွန်တော်ဘာမှမသိဘူး...အခုကျွန်တော့်စိတ်ထဲမှာရှိနေတာ Baby တစ်ယောက်ဘဲရှိတယ်...အခြားဘာမှလည်းမသိချင်ဘူး ဘာမှလည်းမကြားချင်ဘူး...

Chanyeol မျက်ရည်တွေနဲ့အရှိန်ကိုထပ်မြှင့်ကာမောင်းလိုက်သည်။ နောက်ကရဲကားတွေကလည်းသူ့နောက်အဆက်မပြတ်လိုက်နေလေရဲ့...

*****************ကြွေရုပ်**************

Chen တစ်ယောက်အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်ခါစအဝတ်အစားတောင်မလဲရသေး ရဲစခန်းကဖုန်းဝင်လာတာကြောင့်ကားသော့ဆွဲကာ ရဲစခန်းကိုပြေးရတော့သည်။

သူရဲစခန်းရောက်တော့ Chanyeol ကတော့ထုံးစံအတိုင်းခုံပေါ်မှာအသာမပါသလိုထိုင်နေလေရဲ့...

"ဟို စခန်းမှူး"

"Aww Chen shi ရောက်လာပြီလား?"

Chanyeol ပြသနာဖြစ်တိုင်းအမြဲတမ်း Chen ကလာရှင်းပေးနေကြဆိုတော့ စခန်းမှူး Kim Min Seok ကတောင် Chen နာမည်ကိုသိနေလေပြီ...အဲ့တာသာကြည့်တော့ Chanyeol ဘယ်လောက်ပြသနာရှာလဲဆိုတာ

"ဒီတစ်ခေါက်ရောဘာဖြစ်တာလဲ စခန်းမှူး Kim"

"မီးပွိုင့်ဖြတ်မောင်းတယ် ကားကိုသတ်မှတ်ထားတဲ့အရှိန်နှုန်းထက်အများကြီးပိုမောင်းလို့ ဖမ်းလာရတာပါ"

"Aww nae စခန်းမှူး"

Chen, Chanyeol ဆီကိုအကြည့်စူးစူးတစ်ချက်ပို့လိုက်ပေမဲ့ Chanyeol ကတော့အသက်တောင်ရှုရဲ့လားမသိ...မျက်တောင်တောင်မခတ်ဘဲကျောက်ရုပ်လိုငြိမ်ငြိမ်ကြီးထိုင်နေလေရဲ့...

နေစမ်းပါဦး ဒီကောင်လေးမျက်လုံးတွေလည်းနီရဲနေတာဘဲ ငိုထားတာလား?

Chen စခန်းမှူးဆီမှာလက်မှတ်ထိုးကာ လူမှုရေးအရစကားခဏပြောပြီးတော့ Chanyeol ကိုခေါ်ကာပြန်ခဲ့သည်။

ကြွေရုပ်(Complete)Where stories live. Discover now