ကြွေရုပ်-8

9.9K 649 13
                                    

Baekhyun အိမ်ရောက်တော့ တစ်လမ်းလုံးထိန်းထားခဲ့တဲ့မျက်ရည်တွေကိုလွတ်လပ်စွာကျဆင်းစေခဲ့သည်။

Hyung ကဘာလို့ကျွန်တော့်ကိုမယုံကြည်ရတာလဲ? ကျွန်တော် hyung ကိုအရမ်းချစ်ခဲ့တာလေ...ဘာဖြစ်လို့အဲ့လောက်ထိကျွန်တော့်ကိုစွတ်စွဲနေရတာလဲ? Hyung ကိုတကယ်နားမလည်နိုင်တော့ဘူး...

ပြီးတော့ မုန်းတယ် Wu Chanyeol ဆိုတဲ့သူ့ကိုမုန်းတယ်...သူ့ကြောင့် hyung ကျွန်တော့်ကိုမွေးနေ့လက်ဆောင်ပေးထားတဲ့ကားလေးပျက်စီးခဲ့ရတာ...သူ့ကြောင့် hyung ကကျွန်တော့်ကိုမယုံကြည်တော့တာ...သူ့ကြောင့်ကျွန်တော်ခုလိုစွတ်စွဲခံရတာ မုန်းတယ်!! T~T

Baekhyun, Kris စကားကြောင့်ဝမ်းနည်းတာရော သူ့သိက္ခာကိုစော်ကားခံရတဲ့အတွက် ဒေါသထွက်တာရောပါပေါင်းပြီး ဒူးပိုက်ကာ ခေါင်းငုံ့ရင်းငိုကျွေးမိသည်။

ငိုနေရင်း ခဏနေတော့ သူ့ကိုတစ်ယောက်ယောက်ကရင်ခွင်ထဲဆွဲသွင်းလိုက်သလိုခံစားလိုက်ရတယ်...မော့မကြည့်လည်းသိပါတယ် ဒါကျွန်တော်သိပ်ချစ်ရတဲ့ hyung လေ...သူ့ကိုယ်သင်းရနံ့ လေးကို ကျွန်တော်အမြဲမှတ်ထားတယ်

Baekhyun, Kris ရင်ခွင်ထဲကအတင်းရုန်းမိသည်။ ဘာဘဲဖြစ်ဖြစ်သူစိတ်ဆိုးသင့်တယ်မလား...ကျွန်တော့်ကိုမယုံကြည်သလိုစွတ်စွဲခဲ့တာလေ

"လွှတ်!! ကျွန်တော့်ကို လွှတ် hyung!!"

"ခဏလေး...ခဏလေးပါ ကလေးရယ် အရမ်းမရုန်းပါနဲ့...ကလေးဘဲနာကျင်ရလိမ့်မယ်...ကိုယ်ပြောတာခဏလေးနားထောင်ပေးနော်"

Kris စကားကြောင့် Baekhyun ရုန်းနေတာရပ်လိုက်မိတယ်...သူပြောတာမှန်တယ်လေ Baekhyun ဘယ်လောက်ရုန်းရုန်းအားချင်းမှမမျှတာ

Baekhyun ငြိမ်သွားတော့ Kris, Baekhyun ကိုယ်လေးကိုပိုတင်းအောင်ဖက်လိုက်ကာ

"ကလေး ကိုယ်တောင်းပန်ပါတယ် ကိုယ်ဟိုကောင့်ကြောင့်ဒေါသနည်းနည်းထွက်သွားလို့ပါကွာ ကလေးကိုမယုံကြည်တာမဟုတ်ပါဘူး ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်"

".............."

"ကလေးရယ် ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ နောက်တစ်ခါအဲ့လိုမပြောတော့ဘူးလေနော်...ကလေးကိုကိုယ်အကြွင်းမဲ့ယုံကြည်တယ်"

ကြွေရုပ်(Complete)Where stories live. Discover now