Chanyeol, Baekhyun ကိုတွေ့တာမို့ဝမ်းသာအားရလှမ်းခေါ်ခါနီး Chen ကသူ့ဂုတ်ကနေလာဆွဲပီးအခန်းထဲခေါ်သွားတာကြောင့် ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။
"Hyung!!! ဘာလုပ်တာလဲ??!!"
"ငါ့ကိုမအော်နဲ့! ထုလိုက်လို့ရှည်နေတဲ့အရပ်မြေကြီးထဲဝင်သွားမယ်...မင်းကိုဘယ်သူကဆေးရုံဆင်းလို့ရပြီပြောလို့ လက်ကပိုက်တွေဆွဲဖြုတ်ပြီးထွက်သွားရတာလဲ? အခုပြန်ထိုင်နေ!!"
"Hyung ကလည်း ဘာမှမဖြစ်တဲ့ဟာကိုဘာလို့ဆေးရုံမှာနေရမှာလဲ?"
Chanyeol စကားကို Chen ဘာမှမပြောဘဲ သူ့ရဲ့ရောင်နေတဲ့ပါးစောင်ကိုနည်းနည်းရိုက်လိုက်တော့ နာကျင်မှုကြောင့် Chanyeol မျက်နှာရှုံ့မဲ့သွားသည်။
"Hyung ဘာလုပ်တာလဲ?"
"မင်းဘဲဘာမှမဖြစ်ဘူးဆို အဲ့တာဆိုဘာလို့ရှုံ့မဲ့သွားလဲ? မင်းဆေးရုံမှာနေရဦးမှာ ဆရာဝန်မှာထားတယ် အစာမစားဘဲ အဲ့ဆေးလိပ်တွေ အရက်တွေဘဲသောက်သိလား? ကြာရင်မင်းလည်းသေလိမ့်မယ်"
"ကျွန်တော်သေလည်းဝမ်းနည်းမဲ့သူမှမရှိတာ သေသွားလည်းအေးတာဘဲ omma နဲ့အမြန်တွေ့ရတာပေါ့"
"Chanyeol!! ဘာတွေပြောနေတာလဲ! မင်းကအခုမှ အသက်နှစ်ဆယ်ကျော်ဘဲရှိသေးတဲ့လူငယ်တစ်ယောက်...မင်းဘဝအတွက်ကြိုးစားရဦးမယ်...လောကကြီးမှာကြိုးစားအသက်ရှင်ရဦးမယ်...ဘာတွေကိုအားလျှော့ချင်နေတာလဲ? လောကကြီးကိုအရှုံးပေးဖို့စဉ်းစားနေတာလား Chanyeol!!"
"Arni ကျွန်တော်လောကကြီးကိုအရှုံးမပေးပါဘူး အနိုင်လည်းမယူဘူး...သူစေခိုင်းရာကိုကျွန်တော်လုပ်ဆောင်နေတာဘဲလေ ဘာခက်လို့လဲ?? အင်း...ဒါပေမဲ့ကျွန်တော့်မှာပိုင်ဆိုင်ချင်တဲ့သူတစ်ဦးတော့ရှိလာခဲ့ပြီ...ထားပါတော့ ဘယ်တော့ဆေးရုံဆင်းရမှာလဲ Hyung ကျွန်တော်စိတ်မရှည်တာ hyung အသိဆုံးနော်"
"စိတ်မရှည်လည်းဆွဲသာဆန့်ထား ဒီပုလင်းကုန်မှဆင်းရမှာ အိပ်ချင်ရင်အိပ်လိုက် ငါစောင့်နေမယ်"
"ကျွန်တော်ကလူမမာမှမဟုတ်တာ hyung အလုပ်မရှိဘူးလား? ကိုယ့်အလုပ်ကိုယ်ပြန်လုပ်လေ အားနေတာလား?"
YOU ARE READING
ကြွေရုပ်(Complete)
RomanceWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...