Baekhyun, Kris နဲ့တွေ့ပြီးပြန်လာတော့ ဘာမှလည်းလုပ်စရာမရှိတာမို့ ပန်းချီခန်းထဲဝင်ကာသူ့ရဲ့ ဆွဲလက်စပန်းချီကားကို အသက်ဝင်အောင်ထပ်မံပုံဖော်ခဲ့သည်။
ပန်းချီကား...အရမ်းကိုလှပလွန်းတဲ့ပန်းချီကား အရမ်းကိုအသက်ဝင်လွန်းတဲ့ပန်ချီကားတစ်ချပ်ကို Baekhyun အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပြီ...
ဒါပေမဲ့အဲ့ပန်ချီကားကိုဘယ်တော့မှလူတွေကြားထဲထုတ်ပြမှာမဟုတ်ဘူး ဒီပန်ချီကားကိုကျွန်တော်ကလွဲပြီးဘယ်သူမှမြင်ခွင့်မရှိဘူး..ဒါဒီပန်းချီကားအတွက် ကျွန်တော်ချမှတ်ထားတဲ့စည်းမျဉ်းတစ်ခု...
Baekhyun ပန်ချီဆွဲပီးနာရီတစ်ချက်ကြည့်လိုက်တော့အချိန်က ည11:00 တိတိကိုညွှန်ပြနေလေရဲ့
"အချိန်ကအဲ့လောက်တောင်ရှိသွားပြီလား? ဝါး...အိပ်မှပါ မနက်ဖြန် hyung အိမ်ကိုသွားရဦးမှာကို"
Baekhyun ကိုယ့်ဘာသာကိုယ်တီးတိုးရေရွတ်ရင်း ပန်းချီဆွဲရာအခန်းတံခါးကိုသော့ခတ်ကာ သူ့အခန်းသူပြန်လာခဲ့သည်။
အခန်းထဲရောက်တော့ ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်လှဲချလိုက်ကာ အိပ်မယ်အလုပ်...
📲 Oh, I don't wanna let you go. Giving you my heart and soul...📲
"ကျစ်..ဒီအချိန်ကြီးဘယ်သူဖုန်းဆက်တာလဲကွာ"
Baekhyun စုပ်တစ်ချက်သက်ကာ ညည်းညူသလိုပြောလိုက်မိသည်။ တစ်နေကုန်ညောင်းနေလို့ အိပ်ပါမယ်ဆိုမှ ညကြီးအချိန်မတော် ဘယ်သူကဖုန်းဆက်ပြန်လဲမသိ...
Hyung မဟုတ်တာတော့သေချာတယ် ဘာလို့လဲဆိုတော့ hyung ကစောစောအိပ်တတ်တဲ့အကျင့်ရှိတယ်လေ....ဒီအချိန်ဆို hyung အိပ်နေလောက်ပြီပေါ့
Baekhyun ဖုန်းထယူကာ ဖုန်းနံပါတ်ကြည့်လိုက်တော့ မသိတဲ့ဖုန်းနံပါတ်တစ်ခုဖြစ်နေတာကြောင့်မကိုင်ဘဲထားလိုက်သည်။
ပြီးမှ ပြန်အိပ်မယ်ဆိုပြီးကုတင်ပေါ်အသွား အတွေးထဲရုတ်တရပ်ရောက်လာတဲ့စကားသံအချို့...
"ကိုယ်ညကျရင်ဖုန်းဆက်မယ် ကိုင်နော်...မကိုင်ရင်အိမ်ထိလိုက်လာမှာ"
မဟုတ်မှ...မနက်ကကောင်တော့မဟုတ်ပါဘူးနော်
"Ashi တော်တော်ဇယားရှုပ်တာဘဲ"
ESTÁS LEYENDO
ကြွေရုပ်(Complete)
RomanceWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...