ကြွေရုပ်-1

29K 1K 17
                                    

အလင်းရောင်ဆိုတာလုံးဝမရှိတဲ့ မှောင်ပိန်းနေသည့်အခန်းငယ်လေးတစ်ခန်းမှာထိုင်ကာ ဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်ရင်း ဘယ်နေရာမှန်းမသိတဲ့နေရာကိုစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်...

အရမ်းမှောင်နေတာမို့ သူ့ကိုဘယ်သူမှမမြင်ရပေမဲ့သူကတော့အရာအားလုံးကိုမြင်နိုင်တယ်လေ...အဲ့လိုပုံစံမျိုးကိုသဘောကျတယ်...ကိုယ့်ကိုဘယ်သူမှမမြင်ရဘဲ ကိုယ်ကသာအားလုံးကိုမြင်ရတဲ့ပုံစံ....

သူ့နာမည်က Wu Chanyeol တဲ့...
ပြောရရင်သူဋ္ဌေးသားတစ်ယောက်ပေါ့...ဒါပေမဲ့သူနေနေတဲနေရာက လူတွေအသွားအလာနည်းတဲ့တိုက်ခန်းတစ်ခုသာ...
မိဘတွေကအငယ်ဆုံးသားမို့အရာရာကိုအလိုလိုက်ထားသလောက် သူကလည်းအရမ်းဆိုးသည်။

လူငယ်ပီပီ ဆေးလိပ်သောက်တယ် club တက်တယ် ရန်ဖြစ်တယ်....လူဆိုးလို့အမည်တွင်တယ်ဆိုလည်းမမှားပေ

အမှောင်ထဲမှာအနက်ရောင်ဝတ်စုံကိုဝတ်ပြီးထိုင်နေတာမို့ သူ့ရဲ့ဆေးလိပ်မီးရောင်ရဲရဲမှအပ လူကိုသဲသဲကွဲကွဲမမြင်ရပေ

ဒါပေမဲ့သူ့ရဲ့ဖြူဖွေးသောအသားအရည်နဲ့ ခပ်ဖွာဖွာထားထားတဲ့ဆံပင်အဖြူရောင်တွေကတော့အမှောင်ထဲထင်းနေလေသည်

Chanyeol ကဆိုးလွန်းတာကြောင့်မိဘတွေက လုပ်ချင်တာလုပ်ဆိုပြီး ဥပေက္ခာပြုထားကြသည်။ Chanyeol ဆိုးတာမှန်သည်။ ဒါပေမဲ့သူကယုတ်မာသူမဟုတ် စိတ်ထားကောင်းတယ် ကြင်နာတတ်တယ် သူများကိုလည်းကူညီပေးတတ်တယ် ဒါပေမဲ့အကြောင်းတစ်ခုကြောင့်သူကအရမ်းဆိုးနေခဲ့တာ...ပြောရရင်မိဘတွေကို အရွဲ့တိုက်ချင်တာပေါ့

Chanyeol မှာ Wu Kris ဆိုတဲ့အစ်ကိုတစ်ယောက်ရှိတယ်...အရင်းလားဆိုတော့မဟုတ်ဘူး...အဖေတူအမေကွဲပေါ့...ပြောရရင် Chanyeol ကမယားငယ်ရဲ့သားပေါ့

Chanyeol အဖေကသူ့အမေနဲ့လက်ထပ်ပြီး Chanyeol ကိုမွေးခဲ့သည်။ နုံအလွန်းတဲ့ Chanyeol အမေက သူ့အဖေမှာ ပထမ မယားကြီးရှိပြီး သားတစ်ယောက်ရှိတာကိုမသိခဲ့..

Chanyeol အသက်ဆယ်နှစ်လောက်ရောက်မှ မယားကြီးကသိသွားပြီး Chanyeol အမေကိုပြသနာရှာသောင်းကျန်းတော့သည်။

ကြွေရုပ်(Complete)Where stories live. Discover now