ကြွေရုပ်-25

8.4K 503 3
                                    

Baekhyun သတိလစ်သွားတာမို့ Chanyeol တို့သူ့ကိုဆေးရုံအမြန်ပို့လိုက်ကြသည်။

အခြေအနေတွေအားလုံးစိတ်ချမှ နှစ်ယောက်လုံးသက်ပြင်းချကာ Baekhyun ဘေးမှာထိုင်စောင့်နေမိကြသည်။

နှစ်ယောက်လုံးစကားတစ်လုံးမှမပြောဘဲ Baekhyun ကိုသာစိုက်ကြည့်နေတာမို့ လေထုထဲတိတ်ဆိတ်မှုသာကြီးစိုးလျက်...

"Baekhyun ah..."

အရာအားလုံးတိတ်ဆိတ်နေတဲ့အချိန် အသံနဲ့အတူပြေးဝင်လာတဲ့ Chen...

"Baekhyun ဘယ်လို့ဖြစ်တာလဲ? ငါလဲကြားကြားချင်းပြေးလာတာ"

Chen အမေးကြောင့် Chanyeol ရော Krisပါခေါင်းငုံ့လိုက်မိသည်။ သူတို့ကြောင့် Baekhyun ဒီလိုဖြစ်ရတာမလား

"မင်းတို့ကြောင့်မလား?!မင်းတို့ Baekhyun ကိုနည်းနည်းလေးမှမစာနာဘူးလား?! ဟမ်?မင်းတို့အတ္တတွေကိုဘဲရှေ့တန်းတင်မနေဘဲ မင်းတို့နှစ်ယောက်ကြားညပ်နေတဲ့ Baekhyun ဘက်ကိုလဲနည်းနည်းပါးပါးကြည့်ပေးပါဦးလား?! မင်းတို့...မင်းတို့တကယ်ဘဲကွာ"

"Miyanae Chen hyung...baby ခုလိုဖြစ်တာကျွန်တော့်ကြောင့်ပါ...ကျွန်တော်အသုံးမကျလို့! ကျွန်တော့်ဒေါသကိုမထိန်းနိုင်လို့ခုလို့ဖြစ်သွားရတာ...Miyanae....ကျွန်တော့်အမှားပါ"

"အေး...မင်းအစကတည်းကမှားနေခဲ့တာ Wu Chanyeol!!! မလုပ်သင့်တဲ့အလုပ်ကိုစလုပ်ကတည်းကမှားနေခဲ့တာ!!"

သူတို့အနောက်ဘက်က အသံထွက်ပေါ်လာတာမို့ အားလုံးလှည့်ကြည့်မိတော့ ဆေးရုံခန်းထဲဝုန်းဒိုင်းကြဲဝင်လာတဲ့ Luhan...

"Luhan hyung"

~ခွပ်~

Luhan ရုတ်တရပ် Chanyeol ကိုထိုးလိုက်တာမို့ Chanyeol အနောက်ဘက်ကိုအနည်းငယ်ယိုင်သွားရသည်။

"Hyung!!!!"

Chanyeol,Luhan ကိုပြန်အော်လိုက်ကာ သူ့မျက်နှာကိုတည့်တည့်ကြည့်လိုက်သည်။ မသိရင်ပုံစံကလူသတ်တော့မဲ့ပုံစံနဲ့...

ခဏလောက်ကြာတော့ Chanyeol မျက်နှာပြုံးစိစိဖြစ်လာကာ Luhan ကိုပြေးဖက်တော့သည်။

"Hyung မတွေ့ရတာတောင်ကြာပြီ"

"ဖယ်စမ်းပါ Wu Chanyeol!! မင်းကိုသိပ်ကြည့်ရနေတာမဟုတ်ဘူး"

ကြွေရုပ်(Complete)Where stories live. Discover now