ကြွေရုပ်-26

8.2K 558 8
                                    

Kris မွန်းကြပ်လွန်းတဲ့စိတ်ကိုဖြေဖျောက်ဖို့အတွက် ဆေးရုံရဲ့ခေါင်မိုးထပ်ကိုခပ်သွက်သွက်တက်လာခဲ့လိုက်သည်။

~ဘုတ်~အ့~

အလောတကြီးလျှောက်လာတာမို့ လမ်းကွေ့ရောက်တော့ရှေ့ကလူကိုမမြင်ဘဲ ဝင်တိုက်မိတော့ အရှိန်ပြင်းတာကြောင့် အနောက်ဘက်ကိုဘုတ်ခနဲ လဲကျသွားရသည်။

"Yarr မင်းလူတစ်ယောက်လုံးကိုမမြင်ဘူးလား?"

အမှန်တော့ ကိုယ်ကမမြင်ဘဲသူများကိုဝင်တိုက်မိတာပေမဲ့ စိတ်ညစ်နေတာကြောင့် တစ်ဖက်သူကိုမကြည့်ဘဲ ဦးအောင်အရင်အော်လိုက်မိသည်။

"အဆင်ပြေရဲ့လားမသိဘူး...Miyanaeyo ကျွန်တော်မမြင်လိုက်ဘူးဖြစ်သွားတယ်"

သူ့ဘက်ကမမှားမှန်း သိရက်နဲ့သူအော်လိုက်တော့ စိုးရိမ်တကြီးတောင်းပန်နေတဲ့ထိုလူကြောင့် Kris အံ့သြသွားမိတာအမှန်ပင်...

"ဟို...ထလို့ရရဲ့လားမသိဘူး"

ပြောလဲပြော ထလို့ရအောင်သူ့လက်တဖက်ကမ်းပေးတာမို့ Kris သူ့လက်ကိုအားပြုကာမတ်တပ်ရပ်လိုက်သည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

Kris စကားပြောရင်း သူနဲ့တိုက်မိတဲ့သူကိုကြည့်မိတော့ ရင်ထဲအမည်မသိတဲ့ခံစားချက်တစ်ခုဖြတ်ပြေးသွားသလို...

အသားဖြူဖြူ အရပ်ကသူ့လောက်နီးပါးရှည်တဲ့ V shape မေးရိုးနဲ့ထိုကောင်လေးကို ခုမှပထမဆုံးမြင်ဖူးတာပေမဲ့ ဟိုအရင်ကတည်းကရင်းနှီးနေသလိုပင်...အင်း..ပြောရရင် တစ်စုံတစ်ယောက်ကိုစတွေ့တုန်းက ခံစားခဲ့ရသလို ခံစားချက်မျိုးပေါ့

"ဝင်တိုက်မိတဲ့အတွက် တောင်းပန်ပါတယ်နော် hyung"

Hyung??? Hyung ဆိုတဲ့စကားလုံးကို သူ့ကိုလူအတော်များများခေါ်ဖူးပေမဲ့ သူနဲ့ကျမှတစ်မျိုးဖြစ်နေရတာလဲ??

"Arr ရပါတယ် ကိုယ်ကမမြင်ဘဲအရင်ဝင်တိုက်မိတာပါ အဲ့အတွက်ရော စောစောက အော်မိတဲ့အတွက်ပါ တောင်းပန်ပါတယ်နော်"

"မဟုတ်တာ Hyung ရယ် ကျွန်တော်လဲအလျင်လိုနေတာနဲ့ မမြင်ဘဲဝင်တိုက်မိတာပါ"

ကြွေရုပ်(Complete)Where stories live. Discover now