"umm~~~"
"ဟမ်? Chanyeol သတိရပြီလား? ဘယ်လိုနေသေးလဲ?"
Chanyeol ဘေးနားကလူရဲ့စိုးရိမ်တကြီးမေးသံတွေကိုကြားနေပေမဲ့ မျက်လုံးမဖွင့်နိုင်သေးတာမို့ ခဏတာမျှမှိန်းနေမိတယ်
ခဏနေမှ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက သူ့ကိုစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ Chen hyung နဲ့ မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခု...
သတိရလာချင်းချင်း ပထမဆုံးတွေ့ချင်တဲ့ မျက်နှာလေးကိုမတွေ့ရတာမို့ Chanyeol အနည်းငယ်တော့ဝမ်းနည်းမိတာအမှန်ပင်...
"အ့~~"
နာကျင်နေတဲ့ဦးခေါင်းကိုလျစ်လျူရှုကာ Chanyeol ထိုင်ဖို့ပြင်တော့ Chen hyung တားတယ်
"ခဏလေးလှဲနေဦး Chanyeol...ဒဏ်ရာကသေးသေးမဟုတ်ဘူး ပြန်လှဲနေ"
"ကျွန်တော်အကြာကြီးလှဲမနေတတ်တာသိရဲ့သားနဲ့ဗျာ"
Chanyeol ပြောလဲပြော နောက်တစ်ကြိမ်ထထိုင်ဖို့ကြိုးစားနေတာမို့ Chen သက်ပြင်းသာချလိုက်ပြီး ထူပေးလိုက်တယ်..
ထိုင်ရတာအဆင်ပြေအောင် သူ့နောက်ကျောမှာခေါင်းအုံးတစ်ခုခံပေးလိုက်ကာ
"ငါ ဆရာဝန်သွားခေါ်လိုက်ဦးမယ် ဘယ်မှမသွားနဲ့နော် ငြိမ်ငြိမ်နေ"
"Ommပါ hyung သွားခိုင်းရင်တောင်မသွားနိုင်သေးဘူး"
Chanyeol နွမ်းလျလျလေးပြုံးကာ နောက်သလိုပြောတော့ Chen မျက်စောင်းတစ်ချက်ပစ်ကျွေးကာ ထွက်သွားတယ်
ခဏနေတော့ဆရာဝန်တွေနဲ့အတူရောက်လာကာ ဆရာဝန်တွေကဘာမှစိုးရိမ်စရာမရှိတော့ဘူးဆိုမှ သက်ပြင်းချကာ ကျွန်တော့်ဘေးမှာဝင်ထိုင်လာတယ်
"ဘယ်လိုဖြစ်တာလဲ Chanyeol? ငါသာနည်းနည်းနောက်ကျခဲ့ရင်မင်းခုချိန်ဆိုအသက်ရှိတော့မှာမဟုတ်ဘူး"
"ကျွန်တော့်ကို Lee Jung Woo ရိုက်လိုက်တာပါ...ဒါနဲ့ hyung ကကျွန်တော့်ကိုဘယ်လိုတွေ့တာလဲ? ကျွန်တော် baby အိမ်ရှေ့မှာမဟုတ်ဘူးလား?"
"Omm ဟုတ်တယ် ငါ Baekhyun အိမ်ကိုကိစ္စတစ်ခုရှိလို့လာရင်းနဲ့မင်းကိုတွေ့တာ...မသေကောင်းမပျောက်ကောင်း Chanyeol ရယ်...ငါမင်းကိုပြောသားဘဲသူတို့ကိုသတိထားပါဆို"
YOU ARE READING
ကြွေရုပ်(Complete)
RomanceWu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသောအခါ... တဇွတ်ထိုးဆန်တဲ့ Wu Chanyeol နဲ့ အစွဲအလမ်းကြီးတဲ့ Wu Kris ဘယ်သူက Byun Baekhyun ကိုပိုင်ဆိုင်ခွင့်ရလိမ့်မလဲ? ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရရင...