ကြွေရုပ်-19

7.8K 506 3
                                    

Baekhyun အိမ်ပြန်ရောက်တော့ သူပန်းချီဆွဲနေကြအခန်းလေးထဲတန်းဝင်ခဲ့သည်။

အခန်းထဲရောက်တော့ ထောင့်လေးတစ်နေရာမှာထိုင်ကာ အားရပါးရငိုကြွေးမိသည်။

Baekhyun ဆိုတာတော်ရုံကိစ္စလောက်နဲ့မျက်ရည်ကျတတ်သူမဟုတ်...ဘယ်အရာမဆို သူ့စိတ်ထဲမှာဘဲမြိုသိပ်ထားပြီး တစ်ယောက်တည်းခံစားတတ်တယ်...ဘယ်လောက်ဘဲဝမ်းနည်းနေပါစေ လူအများရှေ့မှာဆိုဘယ်တော့မှမျက်ရည်မကျတတ်တာ သူ့ရဲ့အကျင့်တစ်ခုပင်

Baekhyun ကိုအပေါ်ယံကြည့်မယ်ဆိုရင် အရမ်းကိုတည်ငြိမ်ပြီး စိတ်ဓာတ်မာကျောတဲ့လူတစ်ယောက်လို့မြင်ကောင်းမြင်နိုင်လိမ့်မယ်...ဒါပေမဲ့ သူ့ရဲ့တကယ့်အတွင်းစိတ်ကတော့အရမ်းကိုနူးညံ့တယ် ခံစားလွယ်တယ် ကလေးဆန်တယ်လေ
ငယ်ငယ်ကတည်းကဘဝကိုတစ်ယောက်တည်းရုန်းကန်လာတဲ့သူတစ်ယောက်မို့ ကိုယ့်ရဲ့စိတ်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့ ရင့်ကျက်နေသူတစ်ယောက်လို့ပြောရမလား

Baekhyun အခန်းထောင့်မှာ ရင်ဘတ်ကိုတဖုန်းဖုန်းထုကာငိုကြွေးမိသည်။

ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့လွတ်လွတ်လပ်လပ်ငိုကြွေးပါရစေ....ကျွန်တော် တောင်းပန်ပါတယ် hyung...hyung အပေါ်ကိုမတရားဘူးဆိုတာ ကျွန်တော်သိပါတယ်...အဲ့အတွက် ကျွန်တော့်ကိုမုန်းလိုက်ပါ hyung...hyung ဆီကခွင့်လွှတ်မှုကိုမတောင်းဆိုတော့ပါဘူး ကျွန်တော်နဲ့မတန်တာမို့...

မိဘချင်းစာနာတဲ့အနေနဲ့ ကျွန်တော် Wuသူဋ္ဌေးကြီး တနည်းအားဖြင့် Appa ကိုကူညီပေးပါရစေ....ဒါပေမဲ့ Appa ကိုကူညီပေးချင်တဲ့စိတ်တစ်ခုတည်းကြောင့်ကျွန်တော် ဒီလိုလုပ်တာမဟုတ်ပါဘူး...ကျွန်တော်ကိုယ်တိုင်ကလဲ hyung တို့ညီအစ်ကိုကို ပြန်သင့်မြတ်စေချင်တာကြောင့်ပါ

ခဏလေးပါဘဲ တကယ်ခဏလေးပါဘဲ hyung...hyung တို့နှစ်ယောက်အဆင်ပြေသွားတဲ့တစ်နေ့...Appa လူ့လောကကြီးကထွက်ခွာသွားတဲ့တစ်နေ့ ကျွန်တော်လဲအဝေးဆုံးကိုထွက်သွားမှာပါ...

ကျွန်တော်မုန်းတဲ့ Wu Chanyeol ရဲ့ရင်ခွင်ထဲမှာကျွန်တော်ကပျော်မွေ့နိုင်မှာတဲ့လား?? ဟင့်အင်း လုံးဝမဖြစ်နိုင်တာဘဲ

ကြွေရုပ်(Complete)Where stories live. Discover now