ကြွေရုပ်-32

7.7K 506 10
                                    

Kris's POV,

Kris ဆေးရုံအပြင်ဘက်ကိုအမြန်ဆုံးပြေးထွက်လာမိသည်။
မျက်လုံးမှာလဲ မျက်ရည်တွေအပြည့်နဲ့မို့ ဘယ်သူတွေကိုဝင်တိုက်မိခဲ့မှန်းလဲမသိတော့....

ငိုပါရစေ...ကျွန်တော်ဒီတစ်ကြိမ်လောက်တော့ လွတ်လွတ်လပ်လပ်ငိုကျွေးပါရစေ...

မွေးစားသားတဲ့လား?? တစ်သက်လုံးကျွန်တော့်ရဲ့မိဘအရင်းတွေလို့မှတ်ယူထားခဲ့တဲ့ Appa နဲ့ Omma ကကျွန်တော့်ကိုမွေးစားခဲ့တာတဲ့လား....

ပြီးတော့ ကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ ကလေး...သူကကျွန်တော့်ရဲ့ညီအရင်းတဲ့လား?? ရက်စက်လိုက်တာ ကံကြမ္မာရယ်...ဘာဖြစ်လို့များ ကျွန်တော့်အပေါ် ဒီလောက်ထိရက်စက်နိုင်ရတာလဲ?? ကျွန်တော်ချစ်တဲ့ကလေးကို ကျွန်တော်မပိုင်ဆိုင်ရဘဲ သူများပိုင်ဆိုင်ပြီးသွားပြီ...ဒါတောင်မကျေနပ်နိုင်သေးဘဲ ကျွန်တော့်ရဲ့ညီတဲ့လား??

ပြီးတော့ ကျွန်တော့်ကိုမကောင်းတဲ့သူလုံးလုံးဖြစ်အောင်လုပ်ခဲ့တာဘဲ...မွေးစားသားလို့ မထင်မှတ်ရလောက်အောင် ကျွန်တော့်အပေါ်ချစ်ခင်ပေးခဲ့တဲ့ လိုလေသေးမရှိထားပေးခဲ့တဲ့ Appa ကိုကျွန်တော်ကစိတ်ဆင်းရဲအောင်လုပ်ခဲ့မိတာလား?
ကျွန်တော်ကတကယ်ကျေးဇူးမသိတတ်တဲ့သားတစ်ယောက်ဘဲ

Chanyeol မင်းအရမ်းကံကောင်းပါတယ်...Appa ရဲ့သားအရင်းဖြစ်တဲ့အပြင် ကလေးကိုလဲပိုင်ဆိုင်ခွင့်ရတယ်...ငါကရော? ငါဘယ်ဘဝကဝဋ်ကြွေးတွေရှိလို့များ ခုလိုအရာရာမှာရှုံးနိမ့်နေရတာလဲ?

ဘာလို့လဲ? ဘာလို့ ကလေးကကျွန်တော့်ရဲ့ညီဖြစ်ရတာလဲ? လက်မခံချင်ဘူး...Aryni လုံးဝလက်မခံနိုင်သေးဘူး

ကျွန်တော်လက်မခံချင်ပေမဲ့...လက်မခံနိုင်ပေမဲ့ အရာအားလုံးကို ကံကြမ္မာဇာတ်ဆရာစနစ်တကျအစီအစဉ်ချပြီးခဲ့ပြီဘဲ
ကျွန်တော်ငြင်းဆန်နေတော့ရော ဘယ်အရာတွေကပြောင်းလဲသွားမှာလဲ? နောက်ဆုံးတော့ ကျွန်တော်ကဘေးလူတစ်ယောက်ပါဘဲ

လက်လျှော့ရတော့မှာပေါ့...ကလေးက ကျွန်တော့်ရဲ့ညီတစ်ယောက်လေ...ဒီနေ့ကစပြီး ကျွန်တော်သူ့ကိုညီလေးတစ်ယောက်လိုဘဲချစ်တော့မှာပါ....သူလဲကျွန်တော့်ကိုအစ်ကိုတစ်ယောက်လိုဘဲချစ်တယ်လို့ပြောခဲ့တယ်မလား.....

ကြွေရုပ်(Complete)Where stories live. Discover now