ကြွေရုပ်-2

13.1K 718 4
                                    

Baekhyun သူငယ်ချင်းကိုနှုတ်ဆက်ကာ hyung နဲ့တွေ့နေကြဖြစ်တဲ့ ပန်းခြံက ခုံတန်းလေးမှာထိုင်ကာ hyung ကိုစောင့်နေမိတယ်

သူသိပ်မစောငိ့လိုက်ရပါဘူး သူရောက်ပြီးခဏနေတော့ hyung ရောက်လာတယ်

အနက်ရောင်ပြောင်လက်နေတဲ့ ပြိုင်ကားပေါ်ကဆင်းလာကာ မျက်မှန်ကိုချွတ်လိုက်တဲ့ hyung ပုံစံက လူတိုင်းငေးရလောက်အောင်ကို smart ကျလွန်းတယ်

အနောက်တိုင်းဝတ်စုံကို smart ကျကျဝတ်ဆင်ထားပြီး ဆံပင်တွေကိုဂျယ်နဲ့မသိမသာထောင်ထားတဲ့ hyung ပုံစံက လူကြီးလူကောင်းတစ်ယောက်လိုပင်...

ကျွန်တော့်ထက်အရပ်ရှည်တဲ့ hyung ကဘယ်လိုနေနေအရမ်းကိုချောလွန်းတာကြောင့်အမြဲစိတ်မချဖြစ်နေရတယ်လေ

Hyung ကချမ်းသာတယ် ရုပ်ရည်ကလဲ ချောတာထက်ပိုနေတော့ hyung ကိုလိုချင်တဲ့သူတွေမှဝိုးဝိုင်းလည်နေတာ

hyung နာမည်က Wu Kris တဲ့ Hyung မိဘတွေကအရမ်းချမ်းသာတယ် ကျွန်တော်နဲ့တော့ ကွာတာပေါ့

ကျွန်တော်က hyung တို့လောက်မချမ်းသာပေမဲ့ အရမ်းလည်းမဆင်းရဲဘူး...ကျွန်တော်က ပန်းချီဆရာတစ်ယောက်လေ...နာမည်ကြီးတယ်လို့ပြောရမလား? ပန်းချီလောကမှာကျွန်တော့်ကိုမသိတဲ့သူမရှိသလောက်ရှားတယ်...ကျွန်တော့်ရဲ့ပန်းချီတွေကိုလည်းပြပွဲခဏခဏလုပ်ဖြစ်တယ်...အဲ့တာကြောင့်ဘဲ hyung လိုအရမ်းချစ်တတ်တဲ့သူနဲ့ရည်းစားဖြစ်ခဲ့ရတာပေါ့..

ကျွန်တော့်ရဲ့ပန်းချီပြပွဲတွေကို hyung ကခဏခဏလာတယ်လေ...အဲ့လိုနဲ့ခင်သွားပြီး နောက်တော့ချစ်သူတွေထိဖြစ်သွားခဲ့တာ..

Hyung နဲ့ကျွန်တော်နဲ့ချစ်သူဖြစ်တာ နောက်လဆိုတစ်နှစ်ပြည့်ပြီလေ..

hyung လိုချစ်သူမျိုးရတာကျွန်တော့်ဘဝအတွက်တော့ကံကောင်းခြင်းဆုလာဘ်တစ်ခုပါ

Baekhyun အတွေးလွန်နေတုန်း သူ့ကိုဖက်လိုက်တဲ့ hyung ကြောင့် အတွေးတွေပြတ်တောက်သွားခဲ့ရတယ်

"ကလေး အကြာကြီးစောင့်နေလိုက်ရလား? Miyan ကိုယ်နည်းနည်းနောက်ကျသွားတယ်"

"Arni မစောင့်လိုက်ရပါဘူး hyung ရဲ့ကျွန်တော်လည်းခုမှရောက်တာ"

ကြွေရုပ်(Complete)Where stories live. Discover now