ကြွေရုပ်-14

8.8K 548 3
                                    

Chanyeol, Baekhyun ကိုထိုင်ကြည့်နေမိသည်။
သူ့ရဲ့အတ္တကြောင့်...baby ထွက်ပြေးသွားမှာစိုးတဲ့ စိုးရိမ်မှုကြောင့် baby ကိုကြိုးတုပ်ထားမိတယ်

Miyanae baby...ကိုယ်ကမကောင်းတဲ့သူပါ....အရမ်းအတ္တကြီးတဲ့သူပါ....ဒါပေမဲ့အဲ့လိုအတ္တကြီးတယ်ဆိုတာ baby ကိုအရမ်းချစ်လွန်းလို့ဆိုတာတော့သိထားပေးပါကွာ...

"imm~~ umm...."

Chanyeol ကြည့်နေရင်း Baekhyun မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာနိုးထာလာခဲ့သည်။

ချစ်တယ် baby ရယ်...အဲ့ဒီ့ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေကိုတကယ်မနာလိုဘူး...baby နားမှာအမြဲနေခွင့်ရလို့လေ

Baekhyun နိုးလာချင်းချင်း ခေါင်းထဲနောက်ကျိကျိဖြစ်နေတာမို့ မျက်လုံးခဏပြမှိတ်ထားလိုက်မိသည်။

Baekhyun သူ့ကိုကြိုးတုပ်ထားသလိုခံစားရတာမို့ မျက်လုံးကိုအမြန်ဖွင့်ကြည့်တော့...ဟုတ်နေတာဘဲ သူ့ခန္ဓာကိုယ့်ကိုကုတင်နဲ့ပူးချည်ထားတာ

သူ့ကိုဖမ်းထားတာလား အခု? ဘယ်သူကလဲ?

Baekhyun အလန့်တကြား ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ သူ့ကိုခပ်တွေတွေလေးစိုက်ကြည့်နေတဲ့ Chanyeol...

အဲ့တာဆို Chanyeol ဖမ်းလာတာလား?? အဲ့တာဆို လက်ထပ်ပွဲကရော? Baekhyun ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ နေတောင်မြင့်နေလေပြီ...အဲ့တာဆိုလက်ထပ်ပွဲ?? Hyung ရော? Andwe!!!

Baekhyun အတွေးနဲ့အတူအတင်းရုန်းကန်နေပေမဲ့ ကြိုးတွေနဲ့အသေချည်ထားတာမို့ လုံးဝမလွတ်မြောက်တဲ့အပြင် အသားတွေပင်ပွန်းပဲ့လာရသည်။

"အရမ်းမရုန်းပါနဲ့ baby ရယ်....baby အသားစလေးတွေပွန်းပဲ့ကုန်ပါ့မယ်"

"တောက်!!!! Wu Chanyeol ငါ့ကိုအခုလွှတ်ပေးစမ်!!!! ငါ hyung နဲ့လက်ထပ်ရမယ်...hyung ငါ့ကိုမျှော်နေလောက်ပြီ!! ခုချက်ချင်းကြိုးဖြည်ပေး!!!"

"Hyung!!! Hyung!! Hyung!!! အမြဲတမ်းမင်းရဲ့ hyung Wu Kris ကိုဘဲမြင်တာလား?? သူတစ်ယောက်တည်းမင်းကိုချစ်တယ်ထင်နေတာလား!!!??? မင်းငါ့ကိုရော မမြင်နိုင်တော့ဘူးလား? ဟမ်? Byun Baekhyun ပြောစမ်းပါ...ငါ့ကိုနည်းနည်းလေးတောင်ပြန်မချစ်နိုင်တော့ဘူးလား??!!"

ကြွေရုပ်(Complete)Where stories live. Discover now