ကြွေရုပ်-23

7.9K 549 6
                                    

Baekhyun အိမ်ရှေ့က ကားရပ်သံကြောင့် ဟိုညီအစ်ကိုပြန်လာပြီအထင်နဲ့ အိမ်ရှေ့ကိုအမြန်ပြေးထွက်ကြည့်မိသည်။

"မင်း...မင်းက ဘယ်လိုလုပ်ဒီအိမ်ကို??"

ကားပေါ်ကဆင်းဆင်းချင်း အိမ်ထဲပြေးထွက်လာတဲ့ Baekhyun ကိုမြင်တော့ Krisအံ့သြသွားရသည်။
သူသူကဘယ်လိုလုပ်ဒီအိမ်ကိုရောက်နေတာလဲ??

Baekhyun အိမ်ထဲကထွက်ထွက်ချင်း Kris ကိုမြင်လိုက်ရတော့မှ စိတ်အေးသွားရတယ်...
သူ့မှာဘာဒဏ်ရာမှမရှိဘူးလေ...အဲ့တာဆိုရန်မဖြစ်ခဲ့ဘူးပေါ့...ဟူး တော်သေးတာပေါ့..

ဟင်?! ဒါနဲ့ Chanyeol ရော? သူ hyung ကားနဲ့အတူပါသွားတာလေ...ပြန်လာတော့ဘာလို့ သူတစ်ယောက်တည်းဖြစ်နေရတာလဲ?

"Byun Baekhyun မင်းကဘာလို့ငါ့အိမ်ထဲရောက်နေတာလဲ?!"

Baekhyun အတွေးထဲနစ်မြောနေတုန်း Kris ရဲ့အနည်းငယ်ကျယ်တဲ့အသံကြောင့် စိတ်တွေက လက်ရှိအချိန်ကိုပြန်လည်ရောက်ရှိလာတော့သည်။

"Hyung အခုထိမသိသေးတာတော့မဟုတ်ပါဘူးနော်"

"ငါကဘာကိုသိရမှာလဲ?"

"ကျွန်တော်တို့ ဒီအိမ်မှာနေမှာလေ hyung နဲ့အတူ"

"Bor!!!!!!!!! မဖြစ်နိုင်တာ...မင်းတို့နဲ့အတူငါကနေရမယ်!!?? လုံးဝမဖြစ်နိုင်ဘူး....ဒီကိစ္စဘယ်သူစီစဉ်တာလဲ? Wu သူဋ္ဌေးကြီးလား? Chen လား? ပြောစမ်းပါ Byun Baekhyun ဘယ်သူစီစဉ်တာလဲလို့!!!"

"ကျွန်တော်...ကျွန်တော်စီစဉ်တာပါ hyung"

"Borr!!!"

Baekhyun စကားကြောင့် Kris အံ့သြသွားရသည်။
ဘာတွေလုပ်နေတာလဲ Baekhyun? မင်းဘာဖြစ်စေချင်နေတာလဲ? ငါမင်းတို့နဲ့အတူနေရလောက်အောင် ငါ့နှလုံးသားကခံနိုင်ရည်မရှိဘူးထင်တယ်...ပြီးတော့ မင်းတို့နှစ်ယောက်ပျော်နေတာကိုငါကလက်ပိုက်ကြည့်နေရမှာလား?

မင်းငါ့အတွက်ကိုနည်းနည်းလေးတောင်မတွေးပေးဘူးဘဲ Byun Baekhyun!! ငါ့အပေါ်ဘာအညိုးတွေများရှိနေလို့ ခုလိုလုပ်နေရတာလဲ?!!

"ငါ့အပေါ်ဘာမကျေနပ်ချက်တွေများရှိနေလို့ ခုလိုတွေလုပ်နေရတာလဲ Baekhyun!! ငါမင်းကိုတကယ်နားမလည်နိုင်တော့ဘူး!! ဘာဘဲဖြစ်ဖြစ် မင်းဒီလောက်မှာအဲ့လောက်နေချင်နေသပါ့ဆိုလဲနေ...ငါကတော့မင်းတို့နဲ့မနေနိုင်ဘူး!!"

ကြွေရုပ်(Complete)Место, где живут истории. Откройте их для себя