ကြွေရုပ်-13

8.3K 557 2
                                    

"Omm ကိုယ်သိလို့သက်သက်မဲ့လာခဲ့တာ baby....baby ကိုကိုယ်ကလွဲပြီးဘယ်သူမှမပိုင်ဆိုင်စေရဘူး...ကိုယ့်ကိုခွင့်လွှတ်ပါ"

Chanyeol ပြောရင်းရှေ့ကိုတိုးလာတော့ Baekhyun ကြောက်ကြောက်လန့်လန့်နဲ့နောက်ဆုတ်မိသည်။

ဘာဖြစ်လို့မှန်းမသိ သူ့ကိုကြောက်နေမိတယ်...သူ့မျက်လုံးတွေကအရင်လိုပုံမှန်မဟုတ်ဘူး...မကောင်းတဲ့အငွေ့အသက်တစ်ခုခုကိုခံစားနေရတယ်

"Wu Chanyeol!! ရှေ့ဆက်တိုးမလာနဲ့နော်!!!"

"Wae baby ရဲ့....ကိုယ်မင်းကိုကိုက်မစားပါဘူးကွာ အဲ့လောက်မကြောက်ပါနဲ့"

"Wu Chanyeol!!!! ရှေ့ဆက်မတိုးလာနဲ့လို့ပြောနေတယ်နော်!!!"

Baekhyun ပြောနေပေမဲ့ Chanyeol မသိချင်ယောင်ဆောင်ကာရှေ့ဆက်တိုးမြဲ...

Chanyeol ပုံစံကိုကြည့်ပြီး Baekhyun လန့်လာကာနောက်ဆုတ်ရင်း နောက်ဆုံးတော့ သူ့ကျောပြင်နဲ့နံရံကပ်သွားလေပြီ

"Wu...Wu...Chanyeol ဘာ...ဘာလုပ်မလို့လဲ?"

Baekhyun ကြောက်နေတာမို့အထစ်ထစ်အငေါ့ငေါ့မေးမိတော့ Chanyeol ပြုံးတယ်...
ဒါပေမဲ့သူ့အပြုံးတွေကိုသဘောမကျတာတော့အမှန်ပင်...

"ဘာမှမလုပ်ပါဘူး baby ရယ်...baby ကိုကိုယ်နဲ့ခဏဘဲခေါ်သွားမှာ လိုက်ခဲ့နော်"

Chanyeol ပြောပြီးပြီးချင်း Baekhyun ကိုပွေ့ချီလိုက်တာမို့ Baekhyun ကြောင်သွားရသည်။

ပြီးမှသတိပြန်ဝင်လာကာ Chanyeol ကိုထုရိုက်ပြီးအတင်းရုန်းတော့သည်။

"Wu Chanyeol!!!! လွှတ်စမ်း ငါ့ကိုအခုအောက်ပြန်ချပေး!! Wu Chanyeol!!!"

"ငြိမ်ငြိမ်နေနော် baby...ကိုယ်အကြမ်းနည်းမသုံးချင်ဘူး"

"လွှတ်ဆို Wu Chanyeol!!!! မင်းငါ့ကိုခေါ်သွားလို့မရဘူး!! လွှတ်"

Baekhyun အတင်းရုန်းကန်ထုရိုက်နေပေမဲ့ Chanyeol ကတော့ဂရုမစိုက်စွာ ကားပေါ်ကိုခေါ်သွားလေပြီ...

~ဒုန်း....ဒုန်း~

ကားပေါ်ရောက်တော့လည်း Baekhyun အတင်းကားတံခါးကိုထုရိုက်အော်ဟစ်နေတော့သည်။

"Wu Chanyeol!! ငါ့ကိုအခုလွှတ်ပေးလို့ပြောတယ်နော်!! ငါမနက်ဖြန် hyung နဲ့လက်ထပ်ရမှာ...မင်းခုလိုလုပ်လို့မရဘူး!!"

ကြွေရုပ်(Complete)Dove le storie prendono vita. Scoprilo ora