ကြွေရုပ်-22

8.1K 531 4
                                    

Baekhyun အိမ်ကိုရောက်တော့ ပန်းချီကားတွေကိုနေရာချရင်း ဘယ်နှကြိမ်မြောက်မှန်းမသိတော့တဲ့ သက်ပြင်းကိုသာချမိသည်။

ဟိုညီအစ်ကိုနှစ်ယောက်ထပ်ရန်ဖြစ်နေမှာစိုးတယ်...
ဘယ်သူ့ကိုမှ မနာကျင်စေချင်သလို ရန်ဖြစ်မှာကိုတကယ်မလိုလားဘူး...

Baekhyun သက်ပြင်းချရင်းသာ ပစ္စည်းတွေနေရာပြန်ချနေလိုက်သည်။

အိမ်ကြီးကအကြီးကြီးဆိုတော့အခန်းတွေကအများကြီးလေ သူဋ္ဌေးကြီးကလဲ သူ့ပန်းချီဆွဲရင်အဆင်ပြေအောင် အခန်းသီးသန့်လုပ်ပေးထားတယ်...

ပြီးတော့ သူ့အတွက်လဲအခန်းသီးသန့်တောင်းဆိုထားတာမို့ အခန်းထဲမှာလိုလေသေးမရှိပြင်ဆင်ပေးထားတယ်လေ

သူ Chanyeol နဲ့တစ်ခန်းတည်းမသုံးချင်ပါ...ဘယ်လောက်ဘဲလက်ထပ်ထားတယ်ပြောပြော သူက ကျွန်တော် ကြည့်မရတဲ့လူတစ်ယောက်လေ...သူနဲ့မျက်နှာချင်းတောင်ဆိုင်ချင်တာမဟုတ်ဘူး...တောက်!!! Wu Chanyeol အကျင့်မကောင်းတဲ့ကောင် အတ္တကြီးတဲ့ကောင်!!!

Baekhyun တွေးနေရင်း ဟိုနေ့ကအကြောင်းတွေကိုပြန်စဉ်းစားမိကာ ဒေါသထွက်လာတာမို့ လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။

"ဟူး...ဒေါသထွက်နေလဲ မင်းဘဲအသက်တိုလိမ့်မယ် Byun Baekhyun ရေ...စိတ်လျှော့လိုက်တော့"

Baekhyun ကိုယ့်ဘာသာတစ်ဦးတည်းရေရွတ်လိုက်ပြီး Kris အတွက်ရည်ရွယ်ပြီးဆွဲထားတဲ့ပုံလေးကိုထုတ်ကာ ထိုအခန်းလေးကိုသော့ခတ်ပြီးထွက်လာခဲ့လိုက်သည်။

သော့ခတ်တယ်? ဘယ်ချီဆွဲတဲ့အခန်းကိုသော့ခတ်တာ ထူးဆန်းတယ်လို့ထင်ရင်ထင်မှာပေါ့...ဒါပေမဲ့ အဲ့အခန်းထဲမှာ ကျွန်တော့်အတွက်အရေးကြီးတဲ့အရာတွေ..ဘယ်သူ့ကိုမှမသိစေ မမြင်စေချင်တဲ့အရာတွေရှိနေတယ်လေ..အဲ့တာကြောင့် သေချာသော့ခတ်ထားတာ

အဓိကကတော့ Chanyeol နဲ့ hyung ကိုမမြင်စေချင်တာပေါ

*****************ကြွေရုပ်**************

Chanyeol နဲ့ Kris အတော်အတန်ကြာစကားများပြီးတော့ Kris ကားပေါ်တက်ကာ မောင်းထွက်သွားသည်။

ကားအသွားအလာနည်းတဲ့ လူပြတ်တဲ့နေရာမှာ Chanyeol တစ်ယောက်တည်းကျန်ခဲ့ပေမဲ့ သူနည်းနည်းလေးမှစိုးရိမ်ဟန်မပြဘဲ နှုတ်ခမ်းလေးတွန့်ကွေးသွားရုံသာပြုံးလိုက်တယ်

ကြွေရုပ်(Complete)Where stories live. Discover now