ကြွေရုပ်-20

8K 551 8
                                    

"Chanyeol ah ငါစေတနာနဲ့ပြောပြတာနော် အရမ်းအပျော်လွန်မနေပါနဲ့ အရမ်းမျှော်လင့်မထားပါနဲ့...Baekhyun ကမင်းကိုမုန်းနေတာမင်းအသိဆုံးနော် မင်းတို့လက်ထပ်ပွဲကထင်သလောက်ပျော်ရွှင်ရမယ် ငါမထင်ဘူး...ငါ့စကားမှာအမှားပါရင် sorry ပါ ငါမင်းအတွက်ပြောတာပါ"

Kai ရဲ့စကားကြောင့် ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ Chanyeol ထိုင်ခုံပေါ်မှာစိတ်ပျက်လက်ပျက်ထိုင်ချလိုက်ကာ သက်ပြင်းအသာချလိုက်ရင်း

"မင်းပြောတာကို ငါနားလည်ပါတယ် Kai ah...ဒီလက်ထပ်ပွဲမှာငါတစ်ယောက်ကလွဲပြီး ဘယ်သူမှပျော်မနေဘူးဆိုတာလဲသိတယ်...Wu Kris သူမသိဘူးမလား??? သူသိရင်အတော်လေးခံစားရမှာပေါ့....ငါမှားမှန်းသိပါတယ် ငါ့လုပ်ရပ်ကအားလုံးအတွက်မကောင်းဘူးဆိုတာသိတယ် ဒါပေမဲ့ Kai ah ငါ့အတ္တအတွက် ငါရူးမိုက်စွာရှေ့ဆက်ချင်မိတယ်"

"မင်း Baekhyun ကိုအရမ်းချစ်တာ ငါနားလည်တယ်
အဲ့လိုမျိုးဘဲ Kris hyung လဲမင်းထက်မကျော်ရင်တောင်မင်းထက်မလျော့တဲ့အချစ်တွေနဲ့ Baekhyun ကိုချစ်ခဲ့မှာဘဲ....သူတကယ် သနားဖို့ကောင်းတယ်"

"ငါနားလည်တယ် Kai...သူ့ရင်ထဲဘယ်လိုခံစားနေရမလဲ ငါနားလည်တယ်...အဲ့အတွက်ငါဘာလုပ်ပေးသင့်လဲ?? ငါ့အပြစ်အတွက် Baby ကိုလက်လွတ်ရမယ်ဆိုတဲ့အရာကလွဲပြီးကျန်တာအားလုံးငါလုပ်ပေးနိုင်တယ်"

Chanyeol စကားကြောင့် Kai ပြုံးလိုက်မိတယ်...

သူနဲ့ Chanyeol နဲ့ကဟိုးငယ်ငယ်လေးကတည်းကပေါင်းလာတာလေ...Chanyeol စိတ်ကိုသူမှမသိရင်ဘယ်သူသိမလဲ?

သူဘာစကားပြောရင် Chanyeol ဘာစကားပြောမယ်ဆိုတာကြိုသိနေလို့ သက်သက် အဲ့စကားပြောလိုက်တာ...
မှန်းထားတဲ့အတိုင်းဘဲလေ Chanyeol ဘက်ကပြောလာပြီ...အဲ့တော့ Chen hyung နဲ့တိုင်ပင်ထားတဲ့အတိုင်းဘဲသူတို့ညီအစ်ကိုနှစ်ယောက်အဆင်ပြေဖို့ ပထမဆုံးခြေလှမ်းစရတာပေါ့

"အဲ့တာဆို မင်း Kris hyung အပေါ်ထားတဲ့အမုန်းတွေလျှော့လိုက်သင့်တယ် Chanyeol...အဲ့တာကအားလုံးအတွက်အဆင်ပြေလိမ့်မယ်"

Kai စကားကြားတော့ Chanyeol မျက်နှာကိုဟိုဘက်လွှဲသွားကာ သက်ပြင်းမသိမသာချရင်းပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် Kai ဘာပြောရမှန်းမသိအောင်ကိုအံ့သြသွားရသည်။ သူပြောလိုက်တာက...

ကြွေရုပ်(Complete)Where stories live. Discover now