ကြွေရုပ်-16

8.5K 538 8
                                    

Seoul ရဲစခန်းရှေ့အချုပ်ခန်းထဲမှာ ခြေထောက်တစ်ဖက်ကိုထောင်ကာ နောက်တစ်ဖက်ကိုချထားပြီး နံရံကိုကျောမှီလျက် မျက်လုံးမှိတ်ရင်း စိတ်ပျက်လက်ပျက်ထိုင်နေတဲ့လူတစ်ယောက်....

သူရဲ့မလှမ်းမကမ်း စခန်းမှူးရဲ့ခုံရှေ့မှာတော့ Baekhyun,Chen,Kai နဲ့ Kris တို့ထိုင်နေကြသည်။

"ဒီက Byun Baekhyun ကိုကျွန်တော်တစ်ခုမေးပါမယ် Wu Chanyeol ကခင်ဗျားကို ပြန်ပေးဆွဲခဲ့တာဟုတ်ပါသလား?"

စခန်းမှူးရဲ့အမေးကို Baekhyun မဖြေသေးဘဲ အချုပ်ခန်းထဲက Chanyeol ကိုလှမ်းကြည့်လိုက်သည်။
Chanyeol မျက်လုံးမှိတ်ထားပေမဲ့ မအိပ်ဘဲနားထောင်နေတာသူသိတာပေါ့...

" Byun Baekhyun shi"

စခန်းမှူးက အသိပေးသလိုသူ့နာမည်ကိုထပ်ခေါ်လိုက်တော့ Baekhyun လှည့်ကြည့်လာပြန်တယ်
ဒါပေမဲ့ဘာမှတော့မပြော...

"ကလေး စခန်းမှူးမေးနေတယ်လေ Wu Chanyeol က ကလေးကိုပြန်ပေးဆွဲခဲ့တာလားလို့"

Kris ရဲ့စကားသံကြောင့် Baekhyun သူ့ရဲ့အကြည့်တွေကို Kris ဆီပို့ကာ တွေတွေလေးစိုက်ကြည့်နေလေရဲ့...

"ကလေး....ဖြေလိုက်လေကွာ"

Kris နောက်တစ်ကြိမ်ထပ်ပြောပေမဲ့ Baekhyun အနည်းငယ်တောင်အသံထွက်မလာခဲ့...
အဲ့တော့မနေနိုင်တဲ့ Chen ကဘဲ

"Baekhyun ပြောလိုက်ပါ အမှန်အတိုင်း...ဘာမှတွေဝေမနေပါနဲ့တော့...အရာအားလုံးက မင်းအဖြေပေါ်မှာဘဲမူတည်လိမ့်မယ်"

Chen စကားကြောင့် Baekhyun စိတ်ထဲကနေသက်ပြင်းချလိုက်မိသည်။

ဟုတ်တယ် အရာအားလုံး အဲ့ဒီ့အရာအားလုံးကကျွန်တော့်အပေါ်မှာမူတည်နေတာ...ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ကျွန်တော်ဘဲဖြစ်နေရတာလဲ??

ခွင့်လွှတ်ပါ...Aryni ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့ hyung ရယ်...ကျွန်တော်ကိုမုန်းလိုက်ပါ ကျွန်တော်က hyung အတွက်မကောင်းတဲ့သူတစ်ယောက်ပါ

Baekhyun သက်ပြင်းအသာချလိုက်ကာ စခန်းမှူးဆီကိုအကြည့်တွေပြန်ပို့လိုက်ပြီး

"မဟုတ်ပါဘူး...Chanyeol ကကျွန်တော့်ကိုပြန်ပေးဆွဲခဲ့တာမဟုတ်ပါဘူး....Chanyeol နဲ့ကျွန်တော်နဲ့ကမကြာခင်လက်ထပ်တော့မဲ့ချစ်သူတွေပါ....ဟိုအိမ်ကိုရောက်နေတယ်ဆိုတာကလည်း ဒီက Wu Kris နဲ့ကျွန်တော်လက်မထပ်ချင်ဘူးဆိုလို့ Chanyeol ကလာခေါ်ပေးတာပါ...အဲ့တာကြောင့် Chanyeol ကိုပြန်လွှတ်ပေးပါ စခန်းမှူး"

ကြွေရုပ်(Complete)Où les histoires vivent. Découvrez maintenant