Chapter-1 : Every Story has a Unique Beginning

11.9K 686 33
                                    

"Kong… သားမကြည့်နဲ့ !!"

်ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအား မိခင်ကကောက်ချီရင်း သူ့မျက်လုံးများကို အုပ်ထားလိုက်သဖြင့်ထိုကလေးငယ်သည် သူ့မိခင်၏ လက်ကို ကိုင်လိုက်မိသည်။ အခန်းထဲမှ စိတ်ထိခိုက်ဖွယ် မြင်ကွင်းကို မိခင်ဖြစ်သူသည် မိမိ၏ ကလေးငယ်မမြင်စေချင်ခဲ့ပါ။ သို့သော်လည်း

"မေမေ… ဘာဖြစ်လို့လဲ……"

ထိုကလေးလေးက သူ့မျက်လုံးတို့အား အုပ်ထားသော လက်တို့ကိုဖြုတ်ချလိုက်ချိန်တွင် သူ့ရှေ့မှမြင်ကွင်းကြောင့် ကြက်သေသေသွားမိခဲ့သည်။

"မမ!!!!!!"

သူ့အသံစူးစူးလေးက သူ့မျက်စိရှေ့အခန်းတစ်ခုထဲတွင်တော့လက်မှဓားခြစ်ရာများဖြင့် အိပ်ယာခင်းတစ်ခုလုံးသွေးများရွှဲနစ်နေခဲ့သော အသက်မဲ့နေသည့် မိန်းမငယ်တစ်ဦး။

"မမ!!!!!"

သူ သူ့မိခင်ကိုယ်ပေါ်မှ အတင်းရုန်းထွက်ပြေးဆင်းသွားခဲ့သည်။

"မမ!!! မမ!!! ထပါဦး!!!!!"

သွှေးအိုင်ထဲလဲနေခဲ့သော မိန်းမငယ်ကို တကျောကျောခေါ်ရင်း ထိုကောင်လေးအော်နေခဲ့ရင်းမှ…

"မေမေ မမက ဘာဖြစ်လို့……"

"သား……"

သူ့အနောက်မှသိုင်းဖက်လာသည့် မိခင်ကြောင့် သူ့လက်သေးသေးလေးများဖြင့် သူ့မိခင်လက်ကို သူကိုင်လိုက်မိခဲ့သည်။

"Jane…… သမီး……"

သူ့ဖခင်အသံကြောင့် သူ သူ့ဖခင်ကို ကြည့်လိုက်မိခဲ့သည်။

"ဖေဖေ…… မမက…"

သူတို့သားအမိနှစ်ယောက်လုံးကို ဖက်ထားခဲ့သည့် သူ့ဖခင်ကိုတော့ သူ မရုန်းကန်ခဲ့တော့… သူ့အားချီထားသည့် သူ့ဖခင်လက်ထဲမှသာ ကုတင်ပေါ်တွင် အသက်မဲ့နေခဲ့သော သူ့အစ်မကို သူကြည့်လိုက်မိခဲ့သည်။ Jane Suthiluk… သူချစ်ရသော သူ၏ တစ်ဦးတည်းသော အစ်မ။

ငါးနှစ်အကြာ……

သူ့ရှေ့မှ စာအိတ်လေးကို သူကြည့်နေမိခဲ့သည်။ ထိုစာအိတ်ထဲမှ ဆေးစစ်ချက်အဖြေသည် သူ့ဘဝတစ်ခုလုံးအား ပြောင်းလဲသွားစေမည့် ဆေးစစ်ချက်အဖြေရှိနေခဲ့သည်။ သူ့မိခင်ဖြစ်သူက ရင်ခုန်စွာ သူ့ရှေ့တွင် ထိုဆေးစစ်ချက်အဖြေကို ဖောက်နေသည်ကို သူကြည့်နေခဲ့မိသည်။

A Bitter Destiny (fanfic)Onde histórias criam vida. Descubra agora