Chapter-15 : If we can choose, how we meet...

4.5K 486 40
                                    

"၄၄, ၄၅, ၄၆, ၄၇……"

"ရပ်စမ်း!!! မင်းတို့အခုအချိန်ထိ သေသေချာချာ မလုပ်နိုင်ဘူး!! အစကနေပြန်လုပ်!"

Arthit ၏ စကားအဆုံးတွင် ပထမနှစ်များ တစ်ဦးလည်ပင်းတစ်ဦးသိုင်းဖက်လိုက်ရပြန်သည်။ သူတို့ထင်မိသည်က Freshmen Games များတွင် သူတို့ Engineering Faculty မှ ဗိုလ်စွဲခဲ့သည့်အပြင် Campus Moon သည်လည်း သူတို့ Faculty မှသာ ရခဲ့သဖြင့် Arthit ၏ အပြစ်ဒဏ်သည် နည်းပါးသွားမည်ထင်သော်လည်း သူတို့၏ Big Boss ၏ အပြစ်ဒဏ်များက ယခင်နှင့်ထူးမခြားနား။ ထူးခြားသွားသည်တစ်ခုက သူတို့၏ Mr. Hero တစ်ဖြစ်လဲ Campus Moon သည် Arthit အား ပြဿနာမရှာတော့သလို Arthit သည်လည်း ထိုပထမနှစ်လေးကို အတတ်နိုင်ဆုံးရှောင်နေသလို။ ယခုလည်း သူတို့ တစ်ယောက်လည်ပင်းတစ်ယောက်သိုင်းဖက်ကာ အခါ ငါးဆယ် ထိုင်ထလုပ်ရသည့်ကိစ္စက လွယ်တော့မလွယ်လှ။ သူတို့၏ အပြစ်ဒဏ်အား သူတို့ရှုံ့မဲ့မဲ့ဖြင့်ဆက်လုပ်နေချိန်တွင်… ခန်းမတံခါးပွင့်သံနှင့်အတူ ရောက်လာသော အခြားသူများ… ထိုဝင်လာသူငါးဦးသည်လည်း မြင်လိုက်သည်နှင့် Hazer များဟု တန်းသိနိုင်လောက်သည့် အငွေ့အသက်များ လွှမ်းခြုံလျက်ရှိသည်။ ပထမနှစ်များအမြင်တွင်တော့ ယခု ဝင်လာသော Heazer များနှင့်ယှဉ်လျှင် သူတို့၏ Hazer များသည် ကလေးပမာ။

"First Year တွေ!!! ဒါက Fourth Year Hazer တွေ နှုတ်ဆက်စမ်း…"

First Year များအားလုံး အလန့်တကြား Fourth Year များကို အရိုအသေပေးပြီး နှုတ်ဆက်လိုက်မိခဲ့ကြသည်။ ထို Fourth Year များက သူတို့ Third Year များထက် ကြောက်ဖို့ကောင်းနေပါသည်လေ။

"Sawadeee Kharp!"

"Sawadee… မင်းတို့အကုန်လုံးထိုင်ကြ…"

Fourth Year Head Hazer ၏ စကားအဆုံးတွင် သူတို့ထိုင်လိုက်မိခဲ့ကြသည်။

"မင်းတို့ Freshmen Games မှာ ငါတို့ Faculty ဂုဏ်ဆောင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်…"

First Year များတစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိခဲ့ကြသည်။ သူတို့အနေနှင့် ယခုလို ချီးကျူးခံရမည်ဟု မည်သူမျှ မမျှော်မှန်းမိခဲ့ကြ။ Sotus System အရ Senior များတွင် သြဇာအာဏာအပြည့်ရှိနေသဖြင့် ယခုအချိန်တွင်တော့ သူတို့ရှေ့မှ Third Year များသည် သူတို့နှင့်နည်းတူ Fourth Year Senior များရှေ့တွင် ငြိမ်ဝမ်ပိပြားနေခဲ့သည်။

A Bitter Destiny (fanfic)Donde viven las historias. Descúbrelo ahora