Chapter - 25 : This Freshman Heart is yours

4.3K 414 29
                                    

Kongpob သူနှင့် Arthit တစ်ခန်းတည်းအတူ မနေရ၍ စိတ်မကြည်လင်ခဲ့။ အခန်းခွဲချိန်တွင်လည်း P Toota နှင့် Arthit တစ်ခန်းတည်းအတူကျ၍ သူ စိတ်အေးသွားခဲ့မိသည်။ သူ မဟုတ်သော Alpha တစ်ဦးနှင့်သာ Arthit တစ်ခန်းတည်းကျသွားလျှင် သူ မည်သို့မျှ ရင်အေးနိုင်မည်မထင်ပါ။

"Kong……"

သူတို့တစ်နေကုန်ဆော့ကစားအပြီး ညအချိန် သူ ကမ်းခြေဘက် လမ်းလျှောက်နေချိန်တွင် Aim နှင့် Tew သူ့နောက်လိုက်လာသဖြင့် သူ ပြုံးပြလိုက်ခဲ့မိသည်။

"မင်း တစ်ပတ်လုံး မင်း Mate နဲ့တွင်းအောင်းနေတာဆို…"

Tew ၏ ပြုံးစိစိစကားကြောင့် သူရယ်ရင်းခေါင်းညိတ်ပြလိုက်မိခဲ့သည်။

"Bound လုပ်ပြီးတော့ ဘယ်လိုခံစားရလဲ…"

Tew အမေးကြောင့် သူ သူ့ခြေထောက်အား သောင်ပြင်မှသဲများထဲ ထိုးနှစ်လိုက်ရင်း ပင်လယ်ကို ငေးကြည့်လိုက်ခဲ့မိသည်။ Tew သည်လည်း Alpha တစ်ဦးမို့ သူ့ကို မေးခြင်းအား သူနားလည်မိပါသည်လေ။

"Umm… အဲ့ဒါက ဘာနဲ့တူလဲဆိုတော့… Fated Pair တွေကြားမှ Bond တစ်ခုရှိတယ်လေ အဲ့ဒီ Bond က ငါတို့ကို သူတို့နဲ့ဆက်သွယ်ပေးတဲ့ လိုင်းတစ်ခု… မိတစ်ချက်မမိတစ်ချက်ဖြစ်နေတဲ့လိုင်းတစ်ခုပေါ့…ဆိုပါတော့ Bond က ငါတို့ဖုန်းထဲမှာ save လုပ်မထားတဲ့ Contact တစ်ခုဖြစ်မယ် သူတို့က ဘယ်သူဆိုတာ ငါတို့မမှတ်ထားဘူး… ငါတို့က အဲ့ဒါကို Mark လုပ်လိုက်ရင်တော့ သူ့ကို ငါ့ရဲ့ Contact ထဲမှာ Save လုပ်လိုက်တဲ့သဘောပဲ အချိန်မရွေး ငါသူ့ကို ဆက်သွယ်လို့ရတယ်…"

Kongpob ပင်လယ်ပြင်မှ သူ့မျက်နှာသို့တိုက်ခတ်လာသည့် လေပြေညင်းကြောင့် အေးကနဲဖြစ်သွားမိခဲ့သည်။

"ငါအရင်ကထက်ပိုပြီး သူ့ခံစားချက်တွေကို သိလာတယ်… အရင်ကဆိုရင် သူ့ရဲ့ပြင်းထန်တဲ့ ခံစားချက်တွေကိုပဲ ခံစားနိုင်ခဲ့တာ အခုကျတော့ သူ့မှာဖြစ်တဲ့အသေးအမွှားခံစားချက်ကိုပါ ခံစားနိုင်လာတယ် ငါတို့ရဲ့ စိတ်တွေက ထပ်တူကျနေတယ် ဆက်သွယ်နေတယ်ပဲပြောရမလား… သူက ဝေးနေရင်တောင် သူ ငါနဲ့အတူရှိနေတယ်လို့ ခံစားရတယ်… ငါ့ စိတ်ထဲငါ့အတွေးထဲမှာ သူက အမြဲတမ်းရှိနေတယ် အရင်ကလည်း ရှိတာပါပဲ ဒါပေမဲ့ Bounded မလုပ်ခင်က ရှိနေတာက ပူပင်ခြင်းတွေနဲ့ အခု Bounded လုပ်ပြီးချိန်မှာ ရှိနေတာက စိတ်ချယုံကြည်ခြင်းတွေနဲ့…"

A Bitter Destiny (fanfic)Where stories live. Discover now