Chapter-18 : Search for an answer first!

4.5K 466 38
                                    

"Hoy Kong! ရုပ်ကမအီမသာနဲ့ဘာဖြစ်နေတာလဲ!"

Aim မေးခွန်းကြောင့် Kongpob ခေါင်းယမ်းပြလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူ အတော်လေးကို စိတ်ပင်ပန်းနေခဲ့ပြီ။ သူတို့၏ Cheer Activity ပြီးကတည်းက သူ Arthit ကို အစပင်ရှာမရ။ Cafeteria တွင် Hazer များကိုတွေ့သော်လည်း Arthit မပါခဲ့။ ထို Hazer များကို သူမေးလျှင်လည်း မည်သူမျှ သူ့အားအရေးလုပ်မဖြေကြ။ P Toota မှလွဲလျှင် ကျန်သုံးဦးသည် သူ့အားအမြဲတမ်း မလိုသည့် အကြည့်များနှင့်သာကြည့်တတ်ကြသည်။ P Toota သည် သူ့အား စကားပြောချင်ပုံရသော်လည်း P Toota အနီးတွင် တစ်ယောက်ယောက် အမြဲရှိနေတတ်သဖြင့် သူ့မှာ အခွင့်မသာခဲ့။

"P Toota…"

Toota သူ့အမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိတော့ Kongpob! သူ အထိတ်တလန့် ဘေးဘယ်ညာ အရင်ကြည့်လိုက်မိခဲ့သည်။ ဟိုသုံးကောင်တစ်ကောင်မှ မရှိသည်သေချာမှ သူ Kongpob လက်အား ဆွဲရင်း လူရှင်းသည့် အခန်းလွတ်တစ်ခန်းထဲဝင်လာလိုက်မိခဲ့သည်။

"Nong! ငါ့ကို အခက်တွေ့အောင်မလုပ်ပါနဲ့…"

"P Toota… Hazing Activity ပြီးကတည်းက ကျွန်တော် P Arthit ကို မတွေ့ရတာ!!…"

"Nong! Arthit ကို မတွေ့ရတာက Arthit က မင်းကို ရှောင်နေတာလို့ မင်းသဘောမပေါက်ဘူးလား… နောက်ပြီး…"

Toota စကားဆက်မပြောမိအောင် သူ့နှုတ်ခမ်းလေးသူ ကိုက်လိုက်မိခဲ့သည်။ Arthit နှင့် Kongpob Bound ဖြစ်သည်နှင့် Nai သည် Arthit ကို သူတို့ဆီမှပါ ဆွဲခေါ်ထုတ်သွားမည်ဟု Bright သည် သူတို့အား ပြောပြခဲ့ပြီးသား။ Arthit နှင့် Kongpob ၏ အနေအထားက ခေတ်သစ် Romeo နှင့် Juliet အနေအထားမျိုး။ Nai သည် ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သူမို့ သူတို့ Arthit နှင့် Kongpob Bound မုမဖြစ်လာအောင် နည်းမျိုးစုံဖြင့် တားမြစ်ရန်ဆုံးဖြတ်ရာတွင် Toota ၏ အကြံပေးချက်ဖြင့် သူတို့ Arthit အား အခြေအနေအမှန်ကိုပြောပြပြီး သဘောတူညီချက်တောင်းခံခဲ့ဖြစ်ကြသည်။

Flash Back

"Oon… မင်းအနေနဲ့ရွေးချယ်စရာနှစ်ခုရှိတယ် ဒီပုံအတိုင်း ဆက်သွားရင် မင်းနဲ့ မင်းရဲ့ Mate က Bound ဖြစ်တော့မှာပဲ… P Nai ကိုလည်း မင်းသိတာပဲ… မင်းတို့ Bound မဖြစ်စေရဘူးလို့ ငါ အာမခံခဲ့လို့ မင်းဒီမှာဆက်ရှိနေရတာ… အ! Toota!!! ငါ့ကိုဘာလို့လာရိုက်တာလဲ!!!"

A Bitter Destiny (fanfic)Waar verhalen tot leven komen. Ontdek het nu