Chapter-21 : The beginning of their first date

5K 463 47
                                    

Kongpob သူ့ပုံရိပ်ကို မှန်ထဲတွင် အထပ်ထပ်ကြည့်လိုက်မိခဲ့သည်။ ယနေ့သည် သူနှင့် Arthit ၏ ပထမဆုံးဒိတ်။ သူရင်ခုန်နေခဲ့သည် ထို့အပြင် ယနေ့တွင် သူ အသားနားဆုံးဖြစ်နေချင်မိသည်။ Arthit မှ သူ့အား လူပုံအလည်တွင် ဂုဏ်ယူဝံ့ကြွားစွာ လက်တွေ့နိုင်သော လူတစ်ဦးအနေဖြင့် သူ Arthit ရှေ့တွင်ရှိနေချင်မိခဲ့သည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးတွေ့ရန်ချိန်းဆိုထားသည့် ကုန်တိုက်သို့သူ နာရီဝက်ခန့်ကြို၍ ရောက်နေခဲ့မိသည်။

"Kong!!! ငါလာနေပြီ!!"

သူ့ဆီဝင်လာသော ဖုန်းလေးကိုသူကိုင်လိုက်ချိန်တွင် အမောတကောသူ့အားပြောလာသည့် Arthit ကြောင့် သူပြုံးလိုက်မိခဲ့သည်။ သူ ထွက်လာသည့်တိုင် Arthit မနိုးနေသေးသည်ကို သူသိခဲ့ပြီးသား။

"Khap P Arthit…"

"Kong!!!!"

ဖုန်းမချခင်မှာပင် သူ့ဆီပြေးလာသော Arthit ကြောင့် သူပြုံးမိရပြန်ပါသည်။ ဆံပင်စုတ်ဖွားလေးဖြင့် သူ့ထံအမောတကောပြေးလာသော သူ၏ P Arthit ချော်လဲသွားမည်ကိုပင် သူစိုးရိမ်သွားမိသေးသည်။

"မောလိုက်တာ…"

"ရော့ ရေ…"

"ဟမ်!"

"P အခုလိုမျိုးလာမယ်ဆိုတာသိလို့ အစောကတည်းက ဝယ်ထားတာ တကယ်ပဲ P က morning person မဟုတ်ရင်လည်း ကျွန်တော်တို့ ညနေမှ Date လို့ရတာပဲကို…"

သူ Arthit အား ခပ်ကြိတ်ကြိတ်ဆူတော့ ရေသောက်နေရင်းမှ Arthit သူ့အား မျက်စောင်းလေးထိုးရင်း…

"ဘာလဲ Date ပါဆိုနေ တစ်ရက်လုံးတူတူရှိချင်တာပေါ့! ငါ အစောကြီးထလာတာကို!!!"

သူ့အားစူပွပွပြောလာသည့် Arthit အားကြည့်ပြီး သူ အံ့အားပဲသင့်ရမလို ရယ်ပဲရယ်ရမလို။

"သြော်သြော် ဆယ်နာရီလောက်မှထပြီး ပြင်ဆင်တာက အစောကြီးပေါ့လေ…"

သူ့စုတ်ဖွာနေသော ဆံပင်လေးများအား သပ်ပေးရင်း ပြောလာသည့် Kongpob ကြောင့် သူ မျက်နှာလေးရဲသွားမိခဲ့သည်။

"အင်း…… ငါမှအစောကြီးမထတာ!"

"သြော် ဒါနဲ့ P က ဒီနေ့က ဒိတ်မို့ တစ်နေ့လုံးအတူတူရှိမယ်ဆိုတဲ့ စကားက ခုကျန်တဲ့အချိန်အကုန်လုံးလား?"

A Bitter Destiny (fanfic)Where stories live. Discover now