Chapter -29 : We have faith in our love...

4.1K 431 61
                                    


"Mae..."

Kongpob အိမ်ပြန်ရောက်လာသည်နှင့် သူ့မိခင်အား ဖက်ထားလိုက်မိသည်။ ယခုကဲ့သို့ သူ ဆောက်တည်ရာမရဖြစ်နေချိန်တွင် မိခင်ရင်ခွင်က သူ့အား နှစ်သိမ့်ပေးနိုင်စွမ်းအရှိဆုံးနေရာ...

"Kong သား သွားအဝတ်လဲလိုက်ဦး Mae တို့စကားပြောချိန်တွေရှိပါသေးတယ်"

"ဟုတ် Mae..."

သူ့အား ကြည့်နေသည့် သူ့မိခင်မျက်ဝန်းထဲတွင် သူ့အဖြစ်အပျက်များကို သိရှိနေသည့် အရိပ်အယောင်တို့ပါဝင်နေသည်ကို သူ သိရှိနေခဲ့မိသည်။ သူ အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်တွင် ပစ်လှဲချလိုက်ရင်းမှ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့မိသည်။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့ရသည်ကြာခဲ့ပြီ။ Arthit ၏ အခန်းဘက်သို့ သူ ညတိုင်း ထိုအခန်းဘက်မှ မီးရောင်မရှိသည့်တိုင် ညပေါင်းများစွာငေးကြည့်နေမိဆဲ။ သူတို့တစ်ဦးနှင့်တစ်ဦး အကြည့်များဖလှယ်တတ်မြဲ။ တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်တတ်ကြမြဲ။ ယခု သူ ထိုအရာများကို ခေတ္တမေ့လျော့ကာ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့မိသည်။

"Kong......"

သူ့မိခင်သူ့အခန်းထဲဝင်လာချိန်တွင်တော့ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့မိသည်။ မိခင်ဖြစ်သူကတော့ အိပ်ပျော်နေသော သူ့သား၏ ဆံပင်လေးများကို ယုယစွာသပ်တင်လိုက်ရင်း...

"သားလေး အရမ်းပင်ပန်းနေခဲ့ပြီ......"

အခန်းထဲမှ စိတ်မကောင်းခြင်းကြီးစွာဖြင့် ထွက်သွားခဲ့သည့် မိခင်တစ်ဦး၏ ခြေသံဖွဖွနှင့်အတူ ထိုအခန်းလေးထဲတွင် ပင်ပန်းကြီးစွာအိပ်ပျော်နေခဲ့သော ကောင်လေးတစ်ဦး။

"Mae……"

Kongpob လန်းဆန်းစွာ ထမင်းစားပွဲဝိုင်းတွင် ထမင်းပြင်နေသော သူ့မိခင်ကို လှမ်းဖက်လိုက်ခဲ့မိသည်။

"အင်း Kong…"

"ကျေးဇူးတင်ပါတယ်… ပြီးတော့ Mae တို့ကို အထင်လွဲခဲ့မိတဲ့အတွက် သား တောင်းပန်ပါတယ်"

"လူတွေက အဖြစ်အပျက်တစ်ခုကို ရှုထောင့်အမျိုးမျိုးနဲ့ကြည့်တတ်ကြတာပဲသားရယ် Mae ဘာမှမဖြစ်ပါဘူး…"

A Bitter Destiny (fanfic)Where stories live. Discover now