Chapter-16 : This lovely creature is mine!

4.9K 489 28
                                    

ယနေ့သည် သူ့အတွက်ငြိမ်းချမ်းသော နေ့တစ်နေ့။ မနေ့က အရှိန်ဖြင့် ဖျားနာ၊ လမ်းပင်မလျှောက်နိုင်သည့်သူသည် ယနေ့ အိပ်ယာထဲတွင်သာ ငြိမ်သက်စွာလှဲလျောင်းအနားယူနေခဲ့ရင်း သူနှစ်သက်သော ရုပ်ရှင်များကိုသာ တမေ့တမော ကြည့်နေရသည်။

"Hmm… နေ့တိုင်းသာ ဒီလိုနေရရင် ငါ ၅၄ ပတ်လောက်ကို အသာလေးပြေးတယ်"

သူ့စကားနှင့်သူ သဘောတကျရယ်လိုက်မိချိန်တွင် ကုတင်ပေါ်မှ ဖုန်းမြည်သံကြောင့် သူကြည့်လိုက်မိတော့ P Deer…

"Sawadee P"

"ကိုရွှေမင်းသားနေလို့မှကောင်းရဲ့လား"

တစ်ဖက်မှသူ့အားရွှတ်နောက်နောက်ဆိုသည့် P Deer ကြောင့် သူရယ်နေရင်းမှ သူ့ခြေသလုံးများ နာသွားသဖြင့် သူ အရယ်ရပ်သွားမိရသည်။

"ဘာဖြစ်တာလဲ!"

"ဟီးဟီး P ကို ရယ်လိုက်တာ ခြေထောက်ကို လှုပ်လိုက်မိတာ နာလိုက်တာ P ရာ…"

သူ့စကားကြောင့် P Deer တစ်ဖက်မှ သူ့အား ကောင်စုတ်လေးဟု ကျိန်ဆဲနေသံကြောင့် သူပြုံးနေမိခဲ့သည်။ ထို P Deer သည် မနေ့က သူ့အား အပြစ်ပေးခဲ့သော သူတို့၏ Fourth Year Senior…

"အခုတော့ ငါက ဗီလိန်ကြီးဖြစ်နေတယ် မင်းကိုနှိပ်စက်လို့…"

"Khap P …"

သူရယ်ရင်း စမိပြန်တော့ P Deer ရယ်နေခဲ့သည်။

"နေ့လည်စာကို ဘယ်လိုလုပ်မလဲ? ငါ လာပို့ပေးရမလား?"

"အာ မလုပ်ပါနဲ့ P ရ… Toota သွားဝယ်နေပြီရယ်…"

"အင်း ဟုတ်ပြီ ငါ မင်းအခြေအနေသိချင်လို့…"

"P ကျေးဇူးနဲ့ စားကောင်းအိပ်ပျော်နဲ့ရွှေနန်းစံ မင်းသားလေးဖြစ်နေပါကြောင်း…"

"ဒီကောင်စုတ်လေးကတော့! အင်း ဒါပဲ…"

သူ ဖုန်းလေးချပြီးသည်နှင့် သူကြည့်လက်စ ရုပ်ရှင်အား ဆက်ကြည့်နေခဲ့မိသည်။ သူ Toota အား နှုတ်ခမ်းလေးဆူရင်းစောင့်နေခဲ့မိသည်။ ညက Tootaသည် သူ့အားစောင့်အိပ်ပေးခဲ့သည်မို့ ယခု သူ့နေ့လည်စာအတွက် သွားဝယ်နေသော Toota ကို သူ အနည်းငယ် ညိုညင်လာချင်မိသည်။ ဘာကိစ္စနဲ့ဒီကောင်ဒီလောက်ကြာနေတာလဲ။ ထိုအချိန်တွင် Toota သည်လည်း…

A Bitter Destiny (fanfic)Where stories live. Discover now