Chapter-2 : This is how they meet.

7.9K 585 40
                                    

လေးနှစ်အကြာ

"မင်းတို့အသံက ဒါအကုန်ပဲလား!!! ဒီအခန်းထဲမှာရှိတဲ့ လူအများကြီးရဲ့အသံက ငါ့အသံလောက်တောင် မထွက်နိုင်ဘူးလား"

တက္ကသိုလ်တစ်ခု၏ အားကစားခန်းမတစ်ခုအတွင်းတွင် ကောင်လေးတစ်ယောက်၏ အသံဟိန်းထွက်လာခဲ့သည်။ အမည်းရောင်အောက်ခံ Shirt ပေါ်တွင် ကြက်သွေးရောင် Shirt တစ်ထည်ထပ်ဝတ်ထားခဲ့ပြီး Jean pants အနက်ရောင် ဝတ်ဆင်ထားသော ထိုကောင်လေးသည် ဖြူဝင်းသော အသားအရည်နီထွေးသော နှုတ်ခမ်းတစ်စုံဖြင့် သူ့မျက်နှာလေးသည် ယောကျာ်းလေးတန်မဲ့ ချစ်ဖို့ကောင်းလှသော်လည်း ထိုမျက်နှာလေးတွင် ခက်ထန်မှုများနှင့် သြဇာလွှမ်းမိုးများသာ ဖုံးလွှမ်းနေခဲ့သလို သူ့အကြည့်များကလည်း သူ့မျက်စိရှေ့မှ အဖြူရောင် Shirt များဖြင့် ခေါင်းငုံ့နေခဲ့သော ကျောင်းသားထုအား စူးရဲစွာကြည့်နေခဲ့သည်။ သူ့အနောက်တွင်တော့ သူ့ကဲ့သို့ ကြက်သွေးရောင် Shirt များကိုဝတ်ဆင်ထားသည့်သူများ။

"ငါပြောနေတာ ဘယ်သူမှ ပြန်မဖြေနိုင်ကြဘူးလား!!!"

ထိုကောင်လေးအသံက ခန်းမတစ်ခုလုံးကို ထပ်ဟိန်းထွက်လာသော်လည်း သူ့အရှေ့မှ ကျောင်းသားစုမှာတော့ တုတ်တုတ်ပင်မလှုပ်ခဲ့။ ငြိမ်သက်နေသော ကျောင်းသားထု၏ အတွေးထဲတွင်တော့ လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်ကို တွေးလိုက်မိခဲ့ကြသည်။

Flash Back

သူတို့သည် Engineering Faculty မှ ပထမနှစ်ကျောင်းသားများ။ ထိုကြက်သွေးရောင် Shirt များနှင့် သူများ မဝင်လာခဲ့အထိ သူတို့သည် ဒုတိယနှစ်ကျောင်းသားများနှင့် ပြုံးပျော်နေခဲ့မိကြသည်။ ထိုသို့ပျော်ရွှင်နေခဲ့သော အချိန်တွင် ထိုကြက်သွေးရောင် Shirt များဝတ်ဆင်ထားသူများ ဝင်လာခဲ့သဖြင့် သူတို့ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားဖြစ်ခဲ့သည်။ ထိုသူများက သူတို့ရှေ့တွင် စီတန်းရပ်လိုက်ကြချိန်တွင်တော့ ဒုတိယနှစ်ကျောင်းသားများက ဘေးသို့ထွက်ရပ်လိုက်ကြသဖြင့် ထို ကြက်သွေးရောင် Shirt ပိုင်ရှင်များသည် ဒုတိယနှစ်ကျောင်းသားများထက် နှစ်ကြီးသူများဆိုသည်ကို သူတို့ရိပ်မိခဲ့ကြသည်။ ထိုစီတန်းရပ်နေခဲ့သော ကြက်သွေးရောင် Shirt နှင့် Senior များထဲမှ တစ်ယောက် အရှေ့သို့ထွက်လာချိန်တွင် မိန်းကလေးအချို့၏ မျက်နှာများ ပြုံးသွားမိခဲ့ကြသည်။ အရှေ့ထွက်လာသည့် ထို Senior က တော်တော်ချောချောလေးမဟုတ်ပါလား။ ပထမနှစ်ကောင်မလေးများက ထို Senior ကောင်လေးကို မင်းသားလေးဟု မပြောရုံတမယ် မျက်လုံးများဖြင့် ကြည့်နေခဲ့သော်လည်း ထိုကောင်လေးကတော့ သူတို့ပထမနှစ်ကျောင်းသားအားလုံးကို ရှုတည်တည်မျက်နှာပေးဖြင့်သာ တစ်ချက်ဝေ့ကြည့်ခဲ့သည်။

A Bitter Destiny (fanfic)Where stories live. Discover now