Chapter-9 : Show me your resolve!

4.6K 498 99
                                    

"Bright!!!!"

Bright တစ်ယောက် Hazing Activity ပြီး၍ သူ့အခန်းတွင်သူ နားနေသည်မှာမကြာသေး သူ့အခန်းအားတဒုန်းဒုန်းထုနေသည့်အပြင် သူ့အသံအား အော်ခေါ်လာသည့် အပြင်မှ သူ မဖိတ်ခေါ်သည့် ဧည့်သည်ကို ကျိန်ဆဲနည်းပေါင်းစုံနှင့်ကျိန်ဆဲပြီး အခန်းတံခါးကိုဆောင့်အောင့်ဖွင့်လိုက်မိခဲ့သည်။

"မင်း အသံကိုမရပ်ရင် ငါမင်းကို Rape သတ်မှာ Arthit!!!! အမျိုးတွေဘာတွေမသိဘူး!!!!"

သူ အခန်းတံခါးဖွင့်ဖွင့်ချင်း မျက်ရည်အရွှဲသားနှင့် Hazer Shirt ပင်မချွတ်ရသေးသော Arthit ကြောင့် သူ လန့်သွားမိသည်။ Shit! ဟို Suthiluk က Rape လွတ်လိုက်တာလား!

"ဘာဖြစ်လို့လဲ ဝင်အထဲကို…"

ယခုလို Arthit မျက်ရည်လည်ရွဲဖြစ်နေသည်ကိုတော့ သူ မကြည့်ရက်ပြန်ပါလေ။ သူ့ကုတင်ပေါ်တွင်ထိုင်ရင်း Tissue ဘူးတစ်ဘူးလုံးဖြင့် မျက်ရည်သုတ်လိုက် နှပ်ညှစ်လိုက်လုပ်နေသည့် Arthit ကို သူ စာကြည့်စားပွဲရှေ့ရှိကုလားထိုင်တွင် ထိုင်ရင်းကြည့်နေမိခဲ့သည်။ Arthit သာ ငိုလာခြင်းမဟုတ်လျှင် သူ Arthit အား နရင်းရိုက်ပြီးပါပြီလေ။

"ကဲ စပြောတော့!"

သူ စိတ်မရှည်စွာ ထပြောလာတော့ Arthit ငိုနေရင်းမှ သူ့အားကြည့်လာခဲ့သည်။

"Kong က ငါ့ကို Rojanapat မှန်းသိနေတယ် ပြီးတော့ ငါ့အစ်ကိုက Nai ဆိုတာလည်း သူသိသွားပြီ"

"ဘာ!"

Bright ခုံပေါ်တွင်ပင်ဆက်မထိုင်နိုင်ခဲ့ သူ ကုတင်ပေါ်မှ Arthit ပခုံးကိုနှစ်ဖက်ကို ခပ်တင်းတင်း ကိုင်လိုက်မိခဲ့သည်။

"Arthit မင်းငါ့ကိုသေချာပြောစမ်း!"

သူ့ မျက်လုံးများထဲစိုက်ကြည့်ပြီး အမိန့်ပေးလာသည့် Bright ကြောင့် Arthit ကျောရိုးတစ်လျှောက်လုံး စိမ့်တက်လာခဲ့မိသည်။ Bright သည် သူ၏ Alpha Aura ကို တော်ရုံတန်ရုံသုံးတတ်သူ မဟုတ်။

"ငါ………"

သူ ဖြစ်ရပ်တို့ကို အစအဆုံးပြောလိုက်မိချိန်တွင် Bright သူ့အား စိတ်တိုတိုဖြင့်ကြည့်လာခဲ့သည်။

"မင်းက Rojnapat မှန်းသူက သိရုံနဲ့ မင်းအစ်ကိုက Nai ပါလို့မင်းပြောခဲ့ရင် မင်း ဘာလို့ Rojnapat က မင်းကို ကန်ထုတ်ထားတာကို ထည့်မပြောခဲ့လဲ!!! မင်းအဲ့လောက်တောင် တုံးတာလား!!"

A Bitter Destiny (fanfic)Where stories live. Discover now