Chapter - 30 : No matter what our hearts will stay together...

4.5K 403 43
                                    

"Arthit!!! မင်းကနောက်ကျလိုက်တာ!"

Arthit ကားနားသို့ ရောက်သည်နှင့် Toota ၏ စူနေသော နှုတ်ခမ်းတို့က သူ့အား မထိုးမိရုံတမယ်။ ယနေ့ သူတို့ Senior တစ်ဦး၏ မင်္ဂလာဆောင်မို့ သူတို့ တစ်အုပ်စုလုံးသွားကြခြင်း။ Junior Code line များပါ လာကြမည်မို့ Kongpob သည်လည်း လာမည်ကို သူ စဉ်းစားမိတိုင်း ရင်ခုန်နေခဲ့မိသည်။ သူတို့နှစ်ဦး မတွေ့ဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။ Kongpob သည်လည်း နီးကပ်လာသော Second Semester အတွက် အလုပ်များနေခဲ့သလို သူသည်လည်း သူ့စာမေးပွဲ နောက်နှစ်တွင် သူ Intern အဖြစ်တင်မည့် Company များအကြောင်းကို လေ့လာနေခြင်းဖြင့် အချိန်ကုန်ဖြစ်ခဲ့သည်။ ထို့အပြင် သူ မည်သူကိုမျှအသိမပေးဘဲ လုပ်နေခဲ့သည့် အရာတစ်ခု။ သူ့အတွေးဖြင့်သူ ပြုံးလိုက်မိခဲ့သည်။ Kongpob ကို ယနေ့တွေ့လျှင် သူ ပြောချင်သည့် စကားတို့မြောက်မြားစွာရှိနေခဲ့ပါသည်။ သူ၏ ဆုံးဖြတ်ချက် သူ၏ ရွေးချယ်မှု သူ Kongpob သိအောင်ပြောပြချင်ပါသည်။ သူတို့၏ လမ်းခွဲမှုက တစ်ဦးနှင့်တစ်ဦး တစ်လမ်းဆီလျှောက်ဖို့ လမ်းခွဲခြင်းမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး တစ်ဘဝလုံးအတူလျှောက်လှမ်းဖို့အတွက် အချိန်တခနသာ ခွဲခွာခြင်း။

"မင်းမျက်နှာကလည်း!"

အရှေ့ခုံမှ Perm စကားကြောင့် သူ ပြုံးပြလိုက်ခဲ့မိသည်။ သူ့ သူငယ်ချင်းများသည်လည်း သူလိုအပ်နေသည့် အချိန်တွင် သူနှင့်အတူ ရှိနေခဲ့ကြသည်မဟုတ်ပါလား။ မိသားစုသည် သွေးသားဖြင့် သတ်မှတ်သည်မဟုတ်ဘဲ ရံဖန်ရံခါတွင် ချစ်ခြင်းဖြင့်လည်း တိုင်းတာသတ်မှတ်နိုင်သည့် အမည်နာမတစ်ခု။ သူတို့သည် သူ၏ အကောင်းဆုံးနှင့် အဆိုးဆုံးအချိန်များတွင် သူ့ဘက်က ရင်ဆိုင်ဖြတ်သန်းခဲ့ကြသူများ။ သူနှင့်အတူ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့ကြသူများ။

"မင်းတို့သာ မရှိရင် ငါ P Nai ကို စကားပြောဖို့ သတ္တိတောင် ရှိမှာမဟုတ်ဘူး…"

"ဟဟ… ဖြစ်ရမယ်…"

Perm, Toota နှင့် Knot တို့နောက်ပြောင်နေခဲ့သော်လည်း Bright က ငြိမ်သက်စွာပင် အပြင်သို့ငေးလျက်။

"Bright… မင်းအခုချိန်ထိ ငါနဲ့ Kong ကို လက်မခံနိုင်သေးဘူးလား…"

A Bitter Destiny (fanfic)Where stories live. Discover now