Chapter-12 : The Freshmen Games Winner

4.5K 475 38
                                    

"Kong!! Kong!!! မင်းဘာဖြစ်နေပြန်တာလဲ အာရုံလေးဘာလေးစိုက် ငါတို့က Final မှာ"

Aim မျက်နှာလေးရှုံ့မဲ့ကာ Kongpob ကို မာန်မဲလိုက်မိသည်။ သူ မာန်မဲခြင်းမပြုလို့လည်းမရ Kongpob သည် တစ်ချိန်လုံးပွဲကြည့်စင်ဘက်သာ အာရုံရောက်နေခဲ့သည်။

"Hmm… သူက မလာဘူးလား…"

သူ့နားမှပြေးထွက်သွားသော Aim ကိုခေါင်းညိတ်ပြပြီး သူ ပွဲကြည့်စင်ဘက်တစ်ချက်ပြန်ကြည့်လိုက်မိကာ ခပ်တိုးတိုးရေရွတ်လိုက်ခဲ့မိသည်။ သူ စိတ်မကြည်လင်စွာဖြင့်သာ သူ့အာရုံတို့ကို ကစားပွဲတွင်သာ အာရုံနှစ်လိုက်မိခဲ့သည်။ ဘာကြောင့် Arthit သည် သူပြောထားလျက်နှင့်… သူတို့ပထမပိုင်းတွင် Science Faculty ကိုအနိုင်ရထားသော်လည်း သူတို့အနေနှင့် တစ်ဖက်အသင်းအား ဆက်လက်ဖိကစားရန် လိုအပ်နေသေးသည့်အတွက် သူတို့၏ အရှိန်ကို လျှော့လိုက်၍လည်းမဖြစ်။ ထို့အတွက် သူ့အာရုံတို့ကို သူ ကစားပွဲတွင် နှစ်မြှပ်လိုက်ခဲ့မိသည်။ သူတို့ Faculty မှ သူတို့အား အားပေးသံ။ ဗုံထုသံတို့သည် ကစားသမားများ စိတ်အားတက်လာစေအောင် မြိုင်ဆိုင်နေသော်လည်း သူ စိတ်မပါမိ။ သူ့အာရုံတို့က မရှုံးစေရန်သာ စိတ်ပါဝင်စားနိုင်ခဲ့သည်။ မည်သည့်အချိန်မှစ၍ Arthit သည် သူ့ဘဝအပေါ်တွင်သက်ရောက်မှု ပြင်းထန်လာမိမှန်း သူ မသိလိုက်ခဲ့။ သူ သိလိုက်သည့်အချိန်တွင်တော့ Arthit သည် သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ်နက်ရှိုင်းစွာနေရာယူပြီးခဲ့ပြီ။ Arthit သည် သူ့ဘဝအား နာကျင်စေသည့် စူးတစ်ချောင်း ထိုစူးသည် သူ မနှုတ်ပျက်ရက်သော နာကျင်ရမှန်းသိသိကြီးနှင့် နစ်ဝင်ခွင့်ပြုထားသည့် စူး။ သူတို့ Engineering Faculty အား Science Faculty သည်လည်း ပြန်လည်တွန်လှန်ကာ ကစားခဲ့သဖြင့် သူတို့၏ ဗိုလ်လုပွဲသည် စိတ်လှုပ်ရှားဖွယ် ရင်သပ်ရှုမောဖွယ်နှင့်အတူ တစ်ဖက်အသင်းစီအား အားပေးသံတို့သည်လည်း ကစားရုံတစ်ခုအတွင်းတွင် ဟိန်းထွက်နေခဲ့သည်။ ရုတ်တရက် Engineering Faculty မှ အားပေးသံများ တိတ်ဆိတ်သွားသဖြင့် ကစားရုံတစ်ခုလုံးမှ တစ်ဖက်အသင်းအား အားပေးသံတို့သည်လည်း တိတ်ဆိတ်သွားခဲ့သည်။ လူတို့သည် ဘာကြောင့်မှန်းမသိ တစ်ယောက်ယောက်မှ ပြေးလျှင် နောက်က လိုက်ပြေးကြသည့် အကျင့်မျိုးရှိသကဲ့သို့ ယခုလည်း Engineering Faculty မှကျောင်းသားများ တိတ်ဆိတ်သွားခြင်းအတွက် Science Faculty မှ ကျောင်းသားများပါ လိုက်ပါတိတ်ဆိတ်သွားခဲ့ကြသည်။ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် သူတို့ ကစားကွင်းပေါ်မှ ကစားသူများပင် ပြင်ပအခြေအနေကို စိတ်ဝင်စားသွားမိခဲ့သည်။ သူတို့အကုန်ပွဲကြည့်စင်ဘက်ကြည့်လိုက်မိတော့ Kongpob တို့၏ Engineering Faculty တစ်ခုလုံး၏ အာရုံများသည် ကစားရုံဝင်ပေါက်သို့ ထိုဝင်ပေါက်ကို သူကြည့်လိုက်မိချိန်တွင်တော့ ကြက်သွေးရောင် Shirt များနှင့်သူများ။ Hazing Team တစ်ခုလုံးပဲ ဟုသူတွေးလိုက်မိရင်းကျေနပ်သွားမိသည်။ ထို P Arthit သည် တကယ်ပဲ သူ၏ ညစ်ပြီးတောင်းဆိုချက်တိုင်းကို ဖြစ်အောင် လိုက်လျောပေးသည်ကို တွေးမိချိန်တွင် စိတ်ကျေနပ်မှုကြောင့် ပွဲစဉ်တစ်လျှောက်လုံးမှုန်ကုပ်နေသည့် သူ့မျက်နှာ ဝင်းထိန်သွားမိခဲ့သည်။ သို့သော်လည်း Arthit သည် သူ့အား ထိုသို့လိုက်လျောခြင်းမှာ Jane ကြောင့်ဆိုသည်ကို ပြန်သတိရမိချိန်တွင်တော့ သူ့မျက်နှာခပ်တင်းတင်းပြန်ဖြစ်သွားရပြန်တော့သည်။ Arthit တို့ Engineering Faculty ၏ ပွဲကြည့်စင်ဘက်ရောက်ချိန်တွင်တော့ Engineering Faculty မှအားပေးသံများ ယခင်ထက်ပို၍ မြိုင်ဆိုင်စွာ ထွက်ပေါ်လာခဲ့သည်။

A Bitter Destiny (fanfic)Where stories live. Discover now