Chapter - 23 : You are my one and only love...

5.6K 417 40
                                    

ယခုအချိန်တွင် Arthit ကုတင်ပေါ်တွင် ထိုင်ရင်း သူရောက်ရှိနေသော အခန်းကို မျက်စိတောင်းမှောက် အကြောင်းမရှိအကြောင်းရှာကြည့်နေမိခဲ့သည်။ အခန်းပိုင်ရှင်ကောင်လေးကတော့ သူတို့ညနေစာ စားရန် Cafeteria တွင် တစ်ခုခုသွားဝယ်နေသည်မို့ သူ့စိတ်ကိုသူ ငြိမ်သက်အောင်သာ အလျင်ထိန်းနေမိခဲ့သည်။ စိတ်ထိန်းစိတ်ထိန်း… ဒါဘာမှမဟုတ်ဘူး… ဘာမှဖြစ်စရာ ရှိတာမှမဟုတ်တာ…

'ဟမ်း! သေချာလို့လား!'

'အာ တိတ်တိတ်နေစမ်းပါ!'

'မင်းလည်းမျှော်လင့်နေလို့ ဒီကို လိုက်လာတာမဟုတ်လား'

'မင်းက ဘယ်လိုအရူးလဲ!'

'Huh! ငါကလည်း မင်းပဲ မင်းကလည်းပဲကို ငါကအရူးဆို မင်းကလည်း အရူးပဲ! ပြီးတော့ ညကို… ဟင်းဟင်း ဒီည မင်းတို့နှစ်ယောက်

'Yaaaaaa ရှူးရှူးသွားစမ်းပါကွာ!'

Arthit သူ့အတွင်းစိတ်ဥာဉ်ဆိုးလေးအား မောင်းထုတ်နေမိချိန်တွင် အခန်းတံခါးလေးပွင့်လာသဖြင့် သူ လန့်သွားမိခဲ့သည်။

"P ဘာဖြစ်လို့လဲ…"

Kongpob သူ အခန်းထဲဝင်လာသည်နှင့် မျက်နှာလေးရဲနေခဲ့သည့် Arthit ကို ဂရုတစိုက်မေးလိုက်မိခဲ့သည်။

"နေမကောင်းလို့လား?"

သူ့နဖူးလေးအား လက်ဖြင့်အသာစမ်းရင်းမေးသည့် Kongpob ကြောင့် သူ မျက်နှာလေး ပိုရဲသွားတော့မှ…

"သြော်…ဟော်… ဘာတွေစဉ်းစားနေတာလဲ ကျွန်တော့်ရဲ့ P Arthit လေးက…"

"ဖယ်… ဘယ်မှာလဲ Pink Milk…"

"ဒီမှာ………"

သူ Pink Milk ဘူးလေးပြလိုက်တော့ Arthit ၏ လက်ကလေးက Pink Milk ဘူးဆီလှမ်းလာခဲ့သည်။

"Hmm ဒီတိုင်းတော့ရမလား… ကျွန်တော်က စားစရာပဲဝယ်မယ်ပြောခဲ့တာ အခု Pink Milk ဘူးပါ ပါလာတော့ ဘာ Reward ရမှာလဲ…"

"Himph Kong မင်းက Reward စကားကို အရမ်းပြောတာပဲ…"

"ဒါပေါ့ P ဆီက ဆို အကုန်လိုချင်တာ…"

"ဘာ အကုန်လဲ…"

ပြုံးစိစိဆိုလာသည့် Arthit ကို သူ ကြည့်လိုက်ရင်း…

A Bitter Destiny (fanfic)Where stories live. Discover now