Chapter - 28 : Every Break up hurt those who involved.

4.1K 403 115
                                    

လမ်းခွဲ... လောကမှာ တစ်ယောက်နဲ့တစ်ယောက် လက်တွဲကြတာနဲ့ လမ်းခွဲခြင်း အဆုံးသတ်ခြင်းဆိုတာ စတင်ခြင်းနဲ့ ကပ်လျက်ပါလာတတ်တဲ့ ခေါင်းစဉ်တစ်ခုဆိုတာ ကျွန်တော် လက်ခံထားပါတယ်။ စတင်ခြင်းရှိရင် အဆုံးသတ်ခြင်းဆိုတာလည်း ရှိတတ်တာမို့ ကျွန်တော် အဆုံးသတ်ကို ကြိုတင်ပြင်ဆင်ထားပေမဲ့။ ကြိုတင်ပြင်ဆင်မှုဆိုတာလည်း ချစ်ခြင်းနဲ့ပတ်သက်လာရင် တကယ့်တကယ်တမ်း ရင်ဆိုင်ရချိန်မှာ ဒါက အတော်နာကျင်ရတယ်... ကျွန်တော် သူရှိရာ အခန်းဘက်ကို အမြဲတမ်းငေးကြည့်နေတတ်တယ် ဒါက ကျောင်းက ပြန်လာတာနဲ့လုပ်တတ်တဲ့ အလုပ်တစ်ခုပေါ့။ အခုလည်း အခန်းထဲရောက်တာနဲ့ ကြက်သွေးရောင် Shirt လေးကို ချွတ်လိုက်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တဲ့ သူ့ကို ကျွန်တော် ကြည့်နေခဲ့တယ်။ သူ့ရဲ့ အဓိက အချက်က သူက အမြဲတမ်းလိုက်ကာကို ဆွဲပိတ်ဖို့မေ့နေတတ်တာပဲ။ သူ ဖုန်းကို ကြည့်တာကို ကျွန်တော် မြင်နေရတယ်။ ပြီးတော့ သူ့ပါးကို သူ ခပ်ကြမ်းကြမ်းပွတ်ပစ်တယ်။ ငိုနေတယ် ထင်ပါရဲ့။

"P Arthit..."

ကျွန်တော် သူ့နာမည်ကိုပဲ ခပ်တိုးတိုးရေရွတ်လိုက်မိတယ်။ သူဘယ်လောက်နာကျင်နေမလဲဆိုတာ ကျွန်တော်ခံစားနေခဲ့မိတယ်။ သူ ကုတင်လေးပေါ်မှာ အတော်ကြာကြာငိုလို့ဝသွားတော့မှ ကျွန်တော့်အခန်းဘက်ကို သူ လှည့်လာခဲ့တယ်။ ကျွန်တော့်လက်ထဲမှာ စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး စာဖတ်နေသလို ဟန်ဆောင်နေခဲ့ရတာပေါ့။ သူက သူ့ရဲ့နာကျင်နေမှုတွေကို ကျွန်တော့်ကိုမှ မပြချင်ပဲ။ ကျွန်တော်လည်း မသိသလို နေပေးရမှာပေါ့။ သူ ကျွန်တော့်ဘက်ငေးကြည့်နေတာကို ကျွန်တော့် မျက်လုံးထောင့်စွန်းကနေ ကျွန်တော် အချိန်ကြာကြာ ကြည့်နေပြီးမှ သူ့ဘက်ကို လှည့်လိုက်မိတယ်။ ဟော ကျွန်တော့်ကို သူပြုံးပြရှာတယ်။ ခုနတုန်းက ပူဆွေးသောက ရောက်နေတဲ့ သူ မဟုတ်သလိုမျိုးနဲ့။ သြော် သူ ခံနိုင်ရည်ရှိပါတယ်ဆိုတဲ့ပုံစံမျိုး။ ကျွန်တော် သက်ပြင်းလေးချပြီး သူ့ကို လက်ပြလိုက်မိတယ်။ ကျွန်တော်တို့ ဒီလိုလေး တစ်ယောက်နဲ့တစ်ယောက် မြင်ရရုံနဲ့အဆင်ပြေပါတယ်။ အဆင်ပြေနေပါသေးတယ်။ P Arthit က ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူးဆိုတဲ့အသိက ကျွန်တော့်နှလုံးသားတစ်ခုလုံး မရှိတော့ဘဲ အသက်ရှင်နေရတဲ့အတိုင်းပဲ။ ဒါပေမဲ့ ကျွန်တော်အသက်ရှင်နေတယ် အဲ့ဒါက P Arthit ရဲ့နှလုံးသားနဲ့ပါ။

A Bitter Destiny (fanfic)Hikayelerin yaşadığı yer. Şimdi keşfedin