Chapter-8 : We shouldn't need a hero in our life

4.5K 495 51
                                    

ယနေ့ Cheering Activity သည် သူတို့ ပထမနှစ်များအတွက် ငြိမ်းချမ်းသောနေ့တစ်နေ့။ ဘာကြောင့်လဲ? ယနေ့သည်သူတို့၏ Head Hazer ကြီး Big Boss နှင့်သူ၏ လက်နက်ကိုင်အဖွဲ့အစား ဒုတိယနှစ်များမှ သူတို့အား Activity တွင် ဦးဆောင်ခြင်းကြောင့်ဖြစ်သည်။ Big Boss ၏ အော်ငေါက်သံကို မကြားရခြင်းအတွက် သူတို့လွမ်းသလိုလိုဖြစ်မိသော်လည်း လူသားတိုင်းသည် ဘဝတွင်နားရက်တစ်ရက်တော့ ရှိသင့်သည်ဟု သူတို့ထင်မိပါသည်လေ။ ဒုတိယနှစ်များတာဝန်က သူတို့အား Cheer Song သင်ရန်နှင့်တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်သင်ကြားရုံသာ။ ပထမနှစ်များထဲမှ ဘေးထွက်ထိုင်နေရသော ပထမနှစ်ကျောင်းသားတစ်ဦးမှာတော့ ဒုတိယနှစ်များကို ကျေနပ်စွာကြည့်နေမိခဲ့သည်။ လူတစ်ယောက်အား ကောင်းမွန်စွာသင်ကြား၍ရသည့်ကို ဘာကြောင့် ထိုတတိယနှစ်များသည် တစ်စိတ်ကိုတစ်အိတ်လုပ်ကာ တင်းကြပ်စွာအပြစ်ပေးခြင်းမျာ ပြုလုပ်ကြသည်လဲဟုသာ သူ စိတ်ပျက်ပျက်နှင့်တွေးလိုက်မိခဲ့သည်။ ထိုဘေးထွက်ခံရသော သူက အခြားသူမဟုတ် အကျွန်ုပ်တို့ Big Boss ၏ ပြဿနာကောင်လေး အနှီ မောင် Kongpob! Kongpob သူ့မျက်စိရှေ့မှနှစ်သိမ့်ကြည်နူးဖွယ် မြင်ကွင်းကို ခပ်ကြာကြာ မကြည့်လိုက်ရ။ သူတို့ Cheering Activity ခန်းမထဲသို့ဝင်လာသည့် ခြေသံနှင့်အတူ အေးစိမ့်သော ခံစားချက်တစ်ခုကြောင့် သူအပါအဝင် ပထမနှစ်များအားလုံး သူတို့၏ အိပ်မက်ဆိုးများသည် သူတို့ကို အလွမ်းပြေလာနိုပ်စက်ပြီဟု သိလိုက်မိခဲ့ကြသည်။ သူတို့၏ အကြားအမြင်သည် ထင်မြင်မှန်ကန်နေခဲ့သည်ကို ဒုတိယနှစ် Hazing Team ခေါင်းဆောင်လေးအား ပြောလိုက်သည့် Big Boss ၏ အသံကို ကြားလိုက်ရခြင်းဖြင့် သူတို့သိခဲ့ရသည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် သူတို့၏ ဆုတောင်းများကို ကြားရောကြားရဲ့လားဟု သူတို့တွေးမိပါသည်။ ဘာကြောင့်သူတို့၏ တစ်ရက်တလေသာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ခွင့်လေး တောင်းခြင်းကို ဘုရားသခင်သည် ခွင့်မပြုသည်လဲ။ တတိယနှစ် Hazing Team သည် သူတို့ဆုတောင်းမပြည့်အောင်များ ဘုရားသခင်သို့ လာဘ်ထိုးထားသည်လား ဟုသာ သူတို့စိတ်နာနာနှင့်တွေးနေမိခဲ့ကြသည်။

"ဒါဘာအသံလဲ? ငါတို့ Cheer Song လား? ဟမ်! ငါသေချာတောင်မကြားရဘူး ပထမနှစ်တွေ ပြန်ဆိုစမ်း!"

A Bitter Destiny (fanfic)Where stories live. Discover now