Another Explanination

4.5K 412 23
                                    

စာရေးသူ : အဟမ်း နည်းနည်းလောက် ရှင်းပြချင်လို့ပါလေ Anna ရဲ့ Fic က Omegaverse Rule လေးနည်းနည်းလောက် လေပွားချင်လို့ အဟီး ပြီးခဲ့တဲ့ Chap 2 ခုမှာ Alpha တွေက တစ်ယောက်နဲ့တစ်ယောက် မတူတဲ့စွမ်းရည်တွေရှိတာနဲ့ပတ်သက်ပြီး ဖော်ပြထားခဲ့ပါတယ် ဒါက ဒီ Fic မှာအကျုံးဝင်တဲ့ Rule ပါ…

Bright : ဆိုကြပါတော့ Alpha မှာတောင်မှ ကျွန်တော်ရယ် Perm ရယ် Knot ရယ်မှာ မတူညီတဲ့ Alpha gene ရှိနေတာကိုပြီးခဲ့တဲ့ Chap ကနေ သိပြီးပြီထင်ပါတယ်။ အဲ့ဒါက ဘယ်လိုကွဲတာလဲဆိုတော့ Alpha တစ်ယောက်ရဲ့ gene % ပါဝင်မှုနဲ့ကွဲပြားတာပါ။ Alpha တစ်ယောက်နဲ့ အခြား Alpha တစ်ယောက်ကနေ မွေးလာတဲ့ Alpha တစ်ယောက်ဟာ Alpha gene 75%-90% လောက်ပါဝင်ပါတယ်။ Alpha တစ်ယောက်နဲ့ Beta တစ်ယောက်က မွေးဖွားလာတဲ့ Alpha တစ်ယောက်ကတော့ 50%-75% ပဲပါဝင်နိုင်ပါတယ်။ Alpha နဲ့ Omega ကနေ ပေါက်ဖွားလာတဲ့ Alpha တစ်ယောက်ကတော့ တစ်ဖက် Alpha ရဲ့ gene % အကုန်ရနိုင်ပါတယ်။ ဥပမာ 90% Alpha gene ရှိတဲ့ Alpha တစ်ယောက်ဟာ Omega တစ်ယောက်နဲ့ ပေါင်းဖက်ပြီး Alpha ကလေးတစ်ယောက်မွေးလာခဲ့တယ်ဆိုရင် အဲ့ကလေးမှာ ဖခင် Alpha ရဲ့ gene 90% ပါဝင်ပါတယ်။ Alpha တစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ သူ့ရဲ့ gene ပမာဏ ပေါ်မူတည်ပြီးကွဲပြားပါတယ်။

Arthit : Anna ဟာ 100% Alpha gene ရှိတာမျိုးကိုတော့ ဒီ Fic မှာထည့်မရေးထားပါဘူး။ ဘာလို့လဲဆိုတော့ Genetic အရဆိုရင် မိဘနှစ်ပါးရဲ့ Gene အပြည့်ရတဲ့ ကလေးမှမရှိဘဲ။ သူ့ကိုယ်သူတော့ ယုတ္တိရှိတဲ့ Rule လို့ပြောတာပဲ။

စာရေးသူ : Oiiiiii!!!! ငါ့ Spot light ကို ဝင်လုကြတယ်။ ဒီ Fic မှာနောက်ထပ် Rule တစ်ခုကတော့…

Kongpob : Beta တွေဟာ သာမန်လူတွေဖြစ်တဲ့အတွက် ဘယ်သူက Alpha ဘယ်သူက Omega ဆိုတာကို ခွဲခြားသိနိုင်စွမ်းမရှိပါဘူး။ Alpha တွေ Omega တွေကသူတို့ကို ကိုယ်တိုင်ပြောပြမှသာ သိနိုင်တာပါ။ Alpha တွေနဲ့ Omega အချင်းချင်းကတော့သူတို့အချင်းချင်းသိနိုင်ပါတယ်။ Beta တွေအနေနဲ့ Alpha ဆိုတာ လွှမ်းမိုးနိုင်စွမ်း အထင်ကြီးလေးစားစရာကောင်းတဲ့သူ အနေနဲ့သာ မြင်ကြပြီး Omega တွေကိုတော့ ဆွဲဆောင်မှုရှိပြီးချောမောချစ်စရာကောင်းတဲ့သူတွေအနေနဲ့မြင်ကြပါတယ်။ နောက်တစ်ခုက Beta တွေဟာ Omega တွေရဲ့ Pheromones ကိုအချိန်တစ်ခုမှာ ခံစားနိုင်စွမ်းရှိပါတယ် အဲ့အချိန်က Omega ရဲ့ Heat Cycle ဖြစ်နေတဲ့အချိန်မှာ… Omega တစ်ယောက်က Heat Cycle မှာ Alpha တွေကို ဆွဲဆောင်တဲ့ Pheromones တစ်ခုကို ထုတ်လွှတ်ပါတယ် အဲ့ Pheromones က သာမန်ဆိုရင်တော့ Alpha တွေသာ သိနိုင်ပေမဲ့ ထူးခြားတဲ့ချွင်းချက်အခြေအနေမှာတော့ ပြင်းထန်တဲ့ Pheromones ကြောင့် Beta တွေပါ ခံစားနို်င်ပါတယ်။ ဟုတ်ကဲ့ အခုတော့ဒီလောက်ပါပဲ ည Chapter ကျမှပဲ ကျွန်တော်တို့ဆက်တွေ့ကြတာပေါ့…

စာရေးသူ : #$@*#$ ငါရှင်းပြမလို့ကို ဘယ်လိုကောင်တွေလဲ!!!

A Bitter Destiny (fanfic)Where stories live. Discover now