Chapter-6 : Even though you are kind...(Part-1)

4.7K 497 48
                                    

"မင်းတို့ Unity ဆိုတဲ့ အဓိပ္ပာယ်ကို သိလား?"

သိတာပေါ့ သိပ်သိတာပေါ့! ပထမနှစ်များ ခေါင်းကိုငုံ့ထားရင်းဖြင့်သာ စိတ်ထဲမှ ဖြေလိုက်မိခဲ့သည်။ သူတို့၏ Big Boss က သူတို့အား ကလေးငယ်တစ်ဦးများ မှတ်နေသလားထင်ရ။ သူတို့၏ Big Boss မှာတော့ Lecture မှ ပြန်လာသော သူတို့အား မူလတန်းအရွယ် ကလေးများ၏ ဥာဏ်ရည်သာ ရှိသောသူများအား သွန်သင်ရမည့် အကြည့်များဖြင့် ကြည့်နေသည်ကို သူတို့ ထို Big Boss အား ခိုးကြည့်မိရာမှ တွေ့ခဲ့ချိန်တွင် အောင့်သက်သက်ဖြစ်သွားခဲ့ကြသည်။ ဒီ Big Boss ဟာ ဟုသာ သူတို့ တိတ်တဆိတ်ကြိမ်းဝါးလိုက်မိသော်လည်း သူတို့ တုတ်တုတ်ပင်မလှုပ်ရဲ။

"ဒီ Activity ကို မလာတဲ့လူတွေရှိတယ်။ နောက်ပြီး မင်းတို့က အမြဲနောက်ကျတယ်။ ပြီး နောက်ကျရုံနဲ့လည်းမပြီးဘူး တန်းစီဖို့ကလည်း ကြာတယ်။ တန်းကိုလည်း တစ်ခါတည်းနဲ့ညီညီညာညာ မစီနိုင်ဘူး... နောက်ပြီး ခိုင်းတာပဲလုပ်ကြတယ်။ ငါ မင်းတို့ကိုဘယ်လောက်သင်သင် နောက်ရက်ကြ ဒုံရင်းက ဒုံရင်းပဲ... မင်းတို့ကြောင့် ငါဘယ်လောက်ခေါင်းကိုက်ရလဲ မင်းတို့က စည်းလုံးညီညွတ်မှုဆိုတဲ့စကားကို မသိတာလား ဒါမှမဟုတ်မင်းတို့ရဲ့ ဦးနှောက်ကပဲ အလုပ်မလုပ်တာလား"

'ဟမ် ကျွန်တော်တို့ကရောဘယ်လောက် ပင်ပန်းရလဲ'သူတို့စိတ်ထဲမှသာ ပြောရဲသော်လည်း လက်တွေ့တွင်တော့ သူတို့ခေါင်းကိုသာငုံ့ရင်း Big Boss အားခိုးကြည့်နေမိဆဲ။ သူတို့စိတ်ထဲ သူတို့အား Big Boss သည် တစ်ခုခုအပြစ်ပေးတော့မည်ဟုသာ ထင်နေခဲ့မိသည်။ သူတို့မည်သို့ပင်အမှန်လုပ်လုပ် ရင်နာစရာကောင်းစွာ သူတို့၏ Big Boss သည်အမှားကိုရှာတွေ့မြဲ။ ယခုလည်း Unity ဟူသော စာလုံးကိုအစပျိုးလိုက်သည်နှင့် မည်သည့်အကြောင်းအရာကို ဦးတည်နေမှန်း သူတို့ ရိပ်မိခဲ့ပြီးသား။ ညနေ လေးနာရီ ဘောလုံးကွင်းတွင် Hazing Activity အတွက်ဝတ်ရသော Shirt အဖြူ ၊ အားကစားဘောင်းဘီရှည်များဖြင့် သူတို့၏ အပြစ်သည် အနိမ့်ဆုံးဘောလုံးကွင်းပတ်ပြေး သို့မဟုတ် ကံအလွန်ဆိုးလျှင်တော့ ဘောလုံးကွင်းကို ဖားခုန်ကြတာပေါ့ဟုသာ သူတို့ တွေးလိုက်ချိန်တွင် သူတို့စိတ်ထဲသိပ်ပြီးရင်မထိပ်မိတော့။ ထို Big Boss ၏ အပြစ်ပေးမှုများအား သူတို့ရိုးနေပါပြီလေ။

A Bitter Destiny (fanfic)Where stories live. Discover now