Chapter - 26 : Because I love you...

4.3K 404 111
                                    

"ဟားး နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်…"

Aim လွတ်လပ်ပေါ့ပါးစွာ အညောင်းဆန့်ရင်း ပြောတော့ သူ့ခေါင်းလေးအား မနာအောင်ရိုက်လိုက်ရင်း Kongpob ဘက်မေးငေါ့ပြသည့် Tew ကြောင့် Aim ပါးစပ်လေးပိတ်ရင်း Kongpob အားကြည့်လိုက်မိသည်။ Kongpob သည် သူတို့ခရီးစဉ်တစ်လျှောက်လုံးတွင် အခန်းထဲရှိတိုင်း ငြိမ်သက်နေတတ်လွန်းခဲ့သည်။ သူ့ပုံစံက တစ်ခုခုကို အဖြေထုတ်နေသလို။ ယခုလည်း အဝတ်ထုတ်များ သိမ်းပြီးသည့်တိုင် ပြတင်းအပြင်ဘက်သို့ ငေးငိုင်နေပြန်သည့် Kongpob အနား သူ သွားလိုက်မိခဲ့သည်။

"Kong…"

"သြော် Aim… ငါတို့ သွားရတော့မှာလား?"

"ဟင့်အင်း နာရီဝက်လောက် အချိန်ပိုနေသေးတယ် မင်း ဘာဖြစ်နေတာလဲ…"

"Hmm ဘာမှမဖြစ်ပါဘူး ဘာလို့လဲ…"

"မင်း ဒီရက်ထဲမှာ ငိုင်နေတယ် ငါတို့ကိုမှ မပြောရင် မင်းဘယ်လိုလုပ်မှာလဲ…"

သူ့ရှေ့မှ Aim ကို သူကြည့်လိုက်မိတော့ Tew ကပါ သူ့ပခုံးလေးအား ကိုင်ရင်း သူ့အနီးလာရပ်လာတော့ သူ ခေါင်းလေးငုံ့ပြုံးလိုက်မိခဲ့သည်။

"ငါ မင်းတို့အကူအညီ လိုလာပါလိမ့်မယ်…"

သူ့စကားကို ယခုအချိန်တွင် Aimနှင့်Tew နားမလည်နိုင်သေးသော်လည်း ထိုအဖြစ်အပျက်ကို သူ ကြုံတွေ့လာချိန်တွင် သူတို့နားလည်မည်ကို သူ ယုံကြည်မိပါသည်။ ဟုတ်တယ် ငါ့ဘေးမှာ မင်းတို့ ရှိပေးဖို့လိုအပ်တယ်… ငါတို့ကြားမှာ ဝင်ရောက်လာတော့မဲ့ မုန်တိုင်းအတွက်…

"ကဲ ကားပေါ်တက်ကြ!!! အလာတုန်းက အတိုင်းဖြစ်ပါစေနော် နေရာကတော့ ကိုယ့်လူနဲ့ကိုယ် အဆင်ပြေရင်ညှိထိုင် မပြေရင် ပထမနေရာပေးထားတဲ့အတိုင်းပဲ ထိုင်ကြ…"

Fang စကားဆုံးသည်နှင့် ပထမနှစ်များအလျှိုလျှို မိမိသက်ဆိုင်ရာ ကားပေါ်တက်လိုက်မိခဲ့ကြသည်။

"P…"

Kongpob ရောက်လာသည်နှင့် ငေးငိုင်နေသည့် Arthit မျက်နှာလေးချက်ချင်းလိုပင်ပြုံးသွားမိခဲ့သည်။

"Nong Kong…"

"Khap P…"

သူ Arthit ဘေးတွင်ဝင်ထိုင်လိုက်ပြီး အကဲခတ်လိုက်မိတော့အိပ်စက်ထားပုံမရသော Arthit ၏ မျက်တွင်းလေးများ ချိုင့်လို့။ ပန်ဒါပုံပေါက်နေသော Arthit ကို သူ မြတ်နိုးစွာကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။

A Bitter Destiny (fanfic)Where stories live. Discover now