Chapter-11 : I want something from you!

4.6K 476 58
                                    

"Kong…… Kong!!!! မင်းဘာကြည့်နေတာလဲ"

Aim စကားကြောင့် Kongpob အသိတို့ လက်ရှိအချိန်သို့ပြန်ရောက်လာခဲ့သည်။ သူ့အတွေးတို့သည် သူတို့လက်ရှိကစားပွဲတွင်ရှိမနေခဲ့။ သူ့အား ရှောင်နေခဲ့သော တစ်ဦးတည်းသော သူထံ၌သာ ရှိနေခဲ့သည်။ သူ့အတွက် ယခု Basket ball ပွဲသည် အရေးမကြီးလှသလို Moon Contest သည်လည်း အရေးမကြီးနိုင်ပြန်။ သူ၏ P Arthit နှင့်သူ နောက်ဆုံးနှစ်ဦးတည်း တွေ့ခဲ့ခြင်းသည် နှစ်ရက်ကျော်ခဲ့ပြီ။ သူ Arthit အနီးရောက်သည်နှင့် Bright သည် Arthit ကို ပါးနပ်စွာ သူ့ထံမှ ခေါ်ထုတ်သွားတတ်မြဲ။ Arthit နှင့်ပတ်သက်လာလျှင် သူ၏ သည်းခံနိုင်စွမ်းနှင့် မိမိကိုယ်မိမိထိန်းချုပ်နိုင်စွမ်းသည် တစ်ရှူးစတစ်စထက်ပင်ပါးလျတတ်နေခဲ့သည်။ သူ့အတွေးတို့သည် သူ့နားထဲဝင်လာသည့် ဝီစီမှုတ်သံနှင့်အတူ သူ့အသင်းမှလူများ၏ အော်ဟစ်သံများ သူတို့ Faculty မှလူများ၏ အော်ဟစ်သံများကြောင့် ကစားပွဲထဲပြန်ရောက်လာခဲ့ပြန်သည်။ သူတို့ Final ပွဲစဉ်သို့တက်ရောက်နိုင်ခဲ့ပြီမို့ Aim သည် သူ့အား ပြေးဖက်လာခဲ့သည်။

"Yay!!! Kong!!"

သူ Aim အားရယ်ရင်းပြန်ဖက်လိုက်သလို သူတို့ဘက်လျှောက်လာသော Wad ဖြင့် လက်ချင်းရိုက်လိုက်မိခဲ့သည်။ Wad သည် သူတို့ကဲ့သို့ Production Engineering Major မှဖြစ်ပြီး Sotus System ကို မုန်းတီးသည့်သူတစ်ယောက် Wad သည် Arthit အား Fresh Men Game နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သည့် ကောင်လေး။

"ဟဟ ငါတို့တကယ် Final တက်ပြီ!"

ပျော်ရွှင်မြူးထူးနေသော Aim ကိုကြည့်ပြီး Wad ရယ်နေခဲ့သော်လည်း Kongpob သက်ပြင်းသာချနေခဲ့မိသည်။

"မင်းက မပျော်ဘူးလား?"

"သူတို့မလာဘူး?"

"ဘယ်သူ?"

သူ့စကားကြောင့် သူ့အားမေးခွန်းမေးလာသည့် Wad ကို သူပြုံးပြလိုက်မိခဲ့သည်။ Aim ကတော့ ရှုံ့တွတွနှင့် Wad ကိုကြည့်လိုက်ရင်း…

"သူ့ရဲ့ Soon to be wife ကိုပြောတာ…"

"Soon to be wife?"

Wad ၏ အူလည်လည်အကြည့်ကြောင့် Aim သူတို့ Head Hazer အား Kongpob ၏ ကြီးမားသော စိန်ခေါ်မှုကြီးကို အကျဉ်းချုံ့ပြောပြလိုက်တော့ Wad အံ့အားသင့်စွာ Kongpob အားကြည့်လာခဲ့သည်။

A Bitter Destiny (fanfic)Where stories live. Discover now